ပန်ပစိဖိတ် တင်းနစ်ပြိုင်ပွဲတွင် ဖလစ်ရှ်ကိုဗာ ဗိုလ်စွဲ

ဂျပန်နိုင်ငံ တိုကျိုမှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ ပန်ပစိဖိတ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ချက် တင်းနစ်မယ် ကာရိုလိုင်းနား ဖလစ်ရှ်ကိုဗာက နာမည်ကြီး နာအိုမီ အိုဆာကာကို အနိုင်ရ သွားပါတယ်။ ဒီပြိုင်ပွဲမှာ ဂျပန်နိုင်ငံသူ အိုဆာကာက အိမ်ရှင် ပရိသတ်တွေရှေ့မှာ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပေမယ့်လည်း ဖလစ်ရှ်ကိုဗာက လက်စွမ်းပြနိုင်ခဲ့ပါတယ်။ အိုဆာကာဟာ ယူအက်စ်အိုးပန်း ချန်ပီယံဆုကိုလည်း ပူပူနွေးနွေး ရရှိထားသူ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖလစ်ရှ်ကိုဗာက ၂ ပွဲစလုံးကို ၆ - ၄ နဲ့ အနိုင်ရသွားတာပါ။ ကမ္ဘာနံပါတ်တစ်ဟောင်းဖြစ်တဲ့ ဖလစ်ရှ်ကိုဗာက ပန်ပစိဖိတ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်တာကြောင့် ဂျပန်နိုင်ငံသူ အိုဆာကာရဲ့ ၁ဝ ပွဲဆက်တိုက် အနိုင်ရတဲ့စံချိန်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up