စင်ကာပူတွင် ကရာတေးချန်ပီယံဆုရရှိခဲ့သည့် ကချင်ကလေးငယ် ၄ ဦးကို ဂုဏ်ပြု

စင်ကာပူနိုင်ငံမှာ ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ကရာတေးသမား ၄ ဦးကို  ဒီနေ့ မနက်က ကချင်ပြည်နယ် စီတာပူရပ်ကွက် မနောကွင်းမှာရှိတဲ့ မဂျွယ်ခန်းမမှာ ဂုဏ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ချန်ပီယံဆုကို ဆွတ်ခူးခဲ့သူတွေကတော့ အသက် ၈ နှစ်နဲ့ ၉နှစ် ယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ မောင်ဂျာလ၊ အသက် ၆ နှစ်နဲ့ ၇ နှစ်မှာတော့ ဆန်မိုင်နူး၊ အသက် ၄ နှစ်နဲ့ ၅ နှစ် ဆိုင်းလတ်အောင်၊ အသက် ၁၂ နဲ့ ၁၃ ယှဉ်ပြိုင်မှုမှာ ဆိုင်းနူးတို့က အသီးသီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာပါ။ စင်ကာပူနိုင်ငံမှာ ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ၄ ဦးကို ဆုငွေ ၇ သိန်းစီ ဆုချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ကရာတေးကစားသမားတွေအနေနဲ့ လာမယ့် ၂၀၁၉ ဧပြီလ မှာ ဂျပန်နိုင်ငံမှာပြုလုပ်မယ့် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲမှာလည်း ထပ်မံယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up