Home
မြန်မာသတင်း
ချောက်မြို့ဖွံ့ဖြိုးရေး ငွေကျပ်သန်းပေါင်း ၂၅၀၀ ကျော် သုံးစွဲမည်
DVB
·
September 24, 2018
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေတွက် တိုင်းဒေသကြီး ဘတ်ဂျတ် ငွေကျပ်သန်းပေါင်း ၂၅၄၄.၇၈ သန်း သုံးစွဲပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ချောက်မြို့ စီမံကိန်းဦးစီးဌာနက သိရပါတယ်​။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ စက်တင်ဘာလ) အတွင်း အပြီး ဆောင်ရွက်ရမှာဖြစ်ပြီး စီမံကိန်းလုပ်ငန်းတွေကို ဝန်ကြီးဌာန ၆ ခုရဲ့ ဦးစီးဌာန ၁၀ ခုမှ လုပ်ဆောင်သွားမှာဖြစ်ပါတယ်​။ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ် ၉၈၈ ဒသမ ၄၆၈သန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျပ်၃၉ ဒသမ ၆၂၀ သန်း၊ မီးသတ်ဦးစီးဌာနက ကျပ် ၅၂ ဒသမ ၁၂၀သန်း၊ စိုက်ပျိုးရေးဦးစီးဌာနက ကျပ် ၈ ဒသမ ၆သန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျပ် ၁ ဒသမ ၆သန်း၊ သစ်တောက ကျပ် ၁၄ ဒသမ ၂၂၄ သန်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက ကျပ် ၁၄ ဒသမ ၉၅၈ သန်း၊ လျှပ်စစ်က ကျပ် ၆၂၆ ဒသမ ၄၄၀ သန်း၊ စည်ပင်က ကျပ် ၆၂၆ ဒသမ ၅ သန်း၊ လမ်းဦးစီးဌာနက ကျပ် ၁၇၂ သန်းနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ သိရပါတယ်။ ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာနက ရွာဆက်လမ်းတွေ၊ ရေကျော်တံတားတွေအပြင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းတာနဲ့ ထရန်စဖော်မာ တပ်ဆင်တဲ့လုပ်ငန်းတွေ လုပ်ကိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စည်ပင်သာယာက လမ်းခင်းတာ၊ လမ်းချဲ့တာနဲ့ ရေမြောင်း ပလက်လက်ဖောင်း ပြုလုပ်တာ အမှိုက်ကားဝယ်ယူတွေ ပါဝင်မှာ ဖြစ်သလို ဆောက်လုပ်ရေးဝန်ဌာနက  ငွေကျပ် ၁၇၂ သန်းနဲ့ ချောက် -စဥ့်ကူ- ပုဂံလမ်းပိုင်း ဆောင်ရွက်မယ်လို့ သိရပါတယ်​။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024