ရော်နယ်ဒို၏ သွင်းဂိုးအပါအ၀င် ဂျူဗင်တပ်က ဖရိုဆီနိုကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံ)

1.2K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဂျုဗင်တပ်က အဝေးကွင်းမှာ ဖရိုဆီနိုကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဂျုဗင်တပ်က အခွင့်အရေးတွေ ရပေမယ့် ပထမပိုင်းမှာ ဂိုးပေါက်ပျောက်နေပြီး ဒုတိယပိုင်းမှ သွင်းယူနိုင်တာပါ။
ဦးဆောင်ဂိုးကို တိုက်စစ်မှူး ရော်နယ်ဒိုက ပွဲကစားချိန် ၈၁ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ဂျုဗင်တပ်ဟာ တန်းတက်အသင်း ဖရိုဆီနိုကို တဖက်သတ် ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့် ၈ ကြိမ်အထိ ရခဲ့ပါတယ်။
အိမ်ရှင် ဖရိုဆီနိုကတော့ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဒုတိယဂိုးကို ၉၄ မိနစ်မှာ ဘာနာဒတ်ရှီက သွင်းယူပါတယ်။
ဒီပွဲနိုင်လို့ လက်ရှိ ချန်ပီယံ ဂျုဗင်တပ်ဟာ ကစားထားတဲ့ ၅ ပွဲစလုံးနိုင်ပြီး ၁၅ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဖရိုဆီနိုကတော့ ၁ မှတ်ပဲ ရသေးပြီး အဆင့် ၁၉ မှာ ရှိနေပါတယ်။