A d v e r t i s e m e n t With Us

ရွေးကောက်ပွဲ သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်မည်ဟု အင်ဒိုနီးရှားသမ္မတလောင်းများ ကတိပြု

Indonesian President Joko Widodo, center left, and his running mate Ma'ruf Amin, left, and his contender Prabowo Subianto, center right, with his running mate Sandiaga Uno, right, release birds during a ceremony marking the kick off of the campaign period for next year's election in Jakarta, Indonesia, Sunday, Sept. 23, 2018. Indonesia is set to hold its presidential and parliamentary election poll in April 2019.(AP Photo/Tatan Syuflana)
အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်မှု စတင်ပြီဖြစ်ပြီး သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကြဖို့ သမ္မတလောင်းတွေ ကတိပြုလိုက်ပါတယ်။ ၂၀၁၉ အင်ဒိုနီးရှား အထွေထွေရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေ ကျမ်းသစ္စာ ကျိန်ဆိုနေကြတာပါ။ “အထွေထွေရွေးကောက်ပွဲမှာပါဝင်တဲ့ ကျွန်ုပ်တို့ အနေနဲ့ လွတ်လပ်ပွင့်လင်းပြီး ရိုးသားမျှတတဲ့ ရွေးကောက်ပွဲတွေအဖြစ် ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ ကတိပြုပါတယ်” လို့ သမ္မတလောင်းတွေ ကျမ်းကျိန်သွားကြတာပါ။ ဒါ့ကြောင့် လာမယ့်နှစ် ဧပြီ ရွေးကောက်ပွဲမတိုင်ခင် ၆ လကြာ တရားဝင်မဲဆွယ်မှုလည်း စတင်ပြီ ဖြစ်ပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ ဂျိုကို ၀ီဒိုဒိုဟာ ကွဲကဲရေးမှူး ပရာဘိုဝို ဆူဘီယန်တိုကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဂျိုကိုဝီဟာ ပရာဘိုဝိုကို လွန်ခဲ့တဲ့ ၅ နှစ်တုန်းကလည်း အနိုင်ရခဲ့သူပါ။ “လာမယ့် ရွေးကောက်ပွဲလည်း ၂၀၁၄ တုန်းကလို ငြိမ်းချမ်းဖို့ မျှော်လင့်ပါတယ်။ လူတိုင်းလိုချင်တဲ့ ငြိမ်းချမ်းတဲ့ ရလဒ်ပေါ့။ ကျနော်ကတော့ ဂျိုကိုဝီကို နောက်တကြိမ်တာ ၀န်ထမ်းဆောင်စေချင်တယ်” လို့ ဂျာကာတာမြို့ခံ ရမ်လန် တာဂျွန်ကပြောပါတယ်။ သမ္မတလောင်းတွေဟာ အမျိုးသားရေးဝါဒပါတဲ့ စီးပွားရေး လမ်းကြောင်းကို ပုံဖော်နေကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့မွတ်စလင်အများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ လူမျိုးရေးနဲ့ဘာသာရေးပြဿနာတွေက ရောထွေးနေတာပါ။ “သမ္မတကို ရွေးဖို့က ဥပဒေစိုးမိုးရေးကို ကိုင်စွဲလား မျှတရဲ့လားအပေါ် မူတည်တယ်။ ဒုတိယကတော့ စီးပွားရေးပေါ့။ အခုဆို ကျနော်တို့ စီးပွားရေးကဏ္ဍမှာ ပါဝင်ပတ်သက်သူတွေ များနေတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ပြောတာမဟုတ်ဘူး။ အစိုးရသစ်က ဒါကို ကိုင်တွယ်ဖို့ ကျနော် မျှော်လင့်တယ်” လို့   ဂျာကာတာမြို့ခံ ရာအူး ရာမဒမ်ကပြောပါတယ်။ အမြင်သဘောထား စစ်တမ်းတွေအရ ၀ီဒိုဒိုဟာ ပရာဘိုဝိုကို ဂဏန်း ၂ လုံးအသာနဲ့ အသာရနေစေပြီး သူဟာ အင်ဒိုနီးရှားကို ကိုယ်စားပြုတယ်လို့ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ မဲဆွယ်ပွဲတွေ စနေပြီဖြစ်လို့ သမ္မတလောင်းတွေရဲ့ ကွာဟာချက် ဘယ်လောက်နည်းသွားမလဲဆိုတာ လာမယ့်ဧပြီ မတိုင်ခင်အထိ စောင့်ကြည့်ရဦးမှာပါ။

A d v e r t i s e m e n t With Us

More News
Up