A d v e r t i s e m e n t With Us

အာဆင်နယ် ၂-၀ အဲဗာတန် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ အာဆင်နယ်က ၂ ဂိုး ဂိုးမရှိနဲ့ အဲဗာတန်ကို အနိုင်ရသွားပါတယ်။ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်းမှာ သွင်းယူနိုင်တာပါ။ ဒုတိယပိုင်းမှာ အိမ်ရှင် အာဆင်နယ်အသင်း ကစားပုံ ပိုကောင်းလာပြီး ၅၆ မိနစ်မှာ လာကာဇက်က သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ် ဘောလုံး ပိုင်ဆိုင်မှုသာပေမယ့် ထိုးဖောက် ကန်သွင်းခွင့်တွေမှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ အာဆင်နယ်အတွက် ဒုတိယဂိုးကို ၅၉ မိနစ်မှာ အူဘာမီရန်းက သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ် ဂိုးသမား ပီတာချက် လက်စွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၁၂ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပြီး အဲဗာတန်က ၆ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up