Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ကျေးရွာအချို့ လျှစ်စစ်မီးရရှိပေမယ့် မီတာဘောက်မရှိဖြစ်နေ
DVB
·
September 23, 2018
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကျေးရွာတွေမှာ လျှစ်စစ်မီးရရှိရေးအတွက် အခက်အခဲ ဖြစ်နေကြပြီး တချို့ကျေးရွာတွေမှာ လျှစ်စစ်မီး ရရှိနေပေမယ့် မီတာဘောက်မရှိတာကြောင့် မီးမရှိဘဲ နေရတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ခန်းမမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေတွေ့ဆုံစဉ်မှာ ရမ်းဗြဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက အခုလို ပြောဆိုလိုက်တာပါ။ “၂၀၁၇-၂၀၁၈ နှစ်က တပ်ဆင်ထားတဲ့ ရွာတွေမှာ မီးကတော့ ရွာထဲကိုလာနေပြီ၊ ဒါပေမယ့် မီးတာဘောက်မရှိလို့ အိမ်တွေ မီးမလင်းဘူးဖြစ်နေတယ်။ ကျနော်တို့ရွာက အိမ်ခြေ ၁၀၀ လောက်ရှိတယ်၊ လျှောက်ထားတဲ့သူတွေက ၈၀၊ ၉၀ လောက်ရှိတယ်။ အဲ့ဒါ မြို့နယ် လျှစ်စစ်ရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို သွားမေးတဲ့အခါမှာ အထက်က မီတာဘောက် အခက်အခဲရှိလို့တဲ့၊ ဒါက ကျနော်တို့ ရွာတရွာတည်းမဟုတ်ဘဲ ရခိုင်တပြည်နယ်လုံး လို့ထင်တာပဲ။ လျှစ်စစ်မီးကတော့ တပ်ဆင်ပြီးပြီ၊ မီတာဘောက် အခက်အခဲ ဖြစ်နေတာကို ဝန်ကြီးချုပ်လည်း သိအောင် ဆွေနွေးတင်ပြခြင်းဖြစ်ပါတယ်။” ရခိုင်ပြည်နယ်အတွင်းက ကျေးရွာတွေကို မီးရရှိရေးဆောင်ရွက်ရာမှာ ၁၅ မြို့နယ်က ကျေးရွာပေါင်း ၁၃၉ ရွာမှာ ဆိုလာမီးရရှိရေးဆောင်ရွက်နေပြီး လက်ရှိအချိန်မှာတော့ ၅၁ ရာခိုင်းနှုန်း ပြီးစီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။ “လျှစ်စစ်ကဏ္ဍမှာ သိသိသာသာပြောင်းလဲအောင် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆောင်ရွက်နေတဲ့နေရာမှာ ရခိုင်ပြည်နယ်မှာ ကျေးလက်မီးလင်းရေး အတွက် ဆောင်ရွက်နေပါတယ်။ ဆိုလာစနစ်မီးလင်းရေး ဆောင်ရွက်ပေးနေတာ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်မှာ ၁၅ မြို့နယ်မှာ ကျေးရွာ ၁၃၉ ရွာမှာ တအိမ်သုံးဆိုလာ ၈၉၀၂ ကို တပ်ဆင်ပေးဖို့ တင်ဒါခေါ်ယူပြီးတော့ ဆိုလာမီး ၂၉၆၇ တပ်ဆင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်၊ စတင်ပြီးတော့၊ အခုဆိုရင် ၅၁ ရာခိုင်နှုန်းလောက်ပြီး စီးနေပြီး ဖြစ်ပါတယ်။ အဲ့ဒီတော့ ဆိုလာမီး ၅၁၁၅ ရောက်လာပြီးတော့ သက်ဆိုင်ရာမြို့နယ်တွေမှာ စတင်ပို့ဆောင်နေတာရှိပါတယ်။” ရခိုင်ပြည်နယ်အတွင်းက ၁၇ မြို့နယ်မှာ လက်ရှိအချိန်ထိတော့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်။ မာန်အောင်မြို့နယ်တွေမှာ လျှစ်စစ်မီးမရရှိသေးကြပါဘူး။ လျှပ်စစ်မီး မရသေးတဲ့ ကျေးရွာတွေဟာ မီးရရှိဖို့ ဆိုလာပြားကိုသာ အားကိုနေကြရတာပါ။ သတင်း - ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024