Home
မြန်မာသတင်း
လင်မလိုရွာမှ အမျိုးသမီး ၁ ဦးနှင့် အုန်းပင်ကွင်းရွာမှ အမျိုးသား ၂ ဦး မိုးကြိုးပစ်ခံရသေဆုံး
DVB
·
September 23, 2018
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ လင်မလိုကျေးရွာနေမှာ ခရုကောက်နေတဲ့ အမျိုးသမီးတဦး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဒေါ်ရုံး ၆၃ နှစ်ဟာ ကျေးရွာအရှေ့ဘက် ဒီရေတောကမ်းစပ်မှာ ခရုကောက်နေစဉ် မိုးကြိုးထိမှန်လို့ ခန္ဓာကိုယ်တခုလုံး ညိုမဲဒဏ်ရာရရှိပြီး သေဆုံးသွားတာကြောင့် ကျွန်းစုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်ရုံး သေဆုံးမှုအား ကျွန်းစုမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၈) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အလားတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာက အမျိုးသား ၃ ဦး မိုးကြိုးပစ်ခံရပြီး ၂ ဦး သေဆုံးသွားပါတယ်။ ဦးဝင်းရွှေ (၅၂) နှစ်ပါ ၃ ဦးဟာ ဟိန္ဇဲချောင်းအတွင်း၌ တံငါစက်လှေနဲ့ ငါးဖမ်းနေစဉ် မိုးကြိုးထိမှန်လို့ ဦးထွန်းမြင့် (၄၈) နှစ်ပါ ၂ ဦးဟာ ချိုစောင်း၊ နောက်စေ့၊ လည်ပင်း၊ ရင်ဘတ်ညိုမဲမီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဦးဝင်းရွှေကတော့ ယာခြေသလုံး အပူလောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့လို့ ဆေးရုံသို့ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးထွန်းမြင့်ပါ ၂ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကံပေါက်နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၈) နဲ့ ရေးဖွင့်စစ်ဆေးနေကြောင်း ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024