ဖားကန့်တွင် မြေစာပုံပြိုကျ၍ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိ
DVB
·
September 23, 2018
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၁၁ နာရီအချိန်က ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ် ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံဟောင်းမှာ တူးခေါင် (၃၁) နှစ်နဲ့ အိုက်စံ (၃၆) နှစ်တို့ ၂ ဦး ရေမဆေးကျောက်ရှာဖွေနေစဉ် မြေစာတွေ ပြိုကျပိမိပြီး သေဆုံးဒဏ်ရာရခဲ့တာပါ။
တူးခေါင်ဟာ မြေစာပိဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး အိုက်စံကတော့ ဝဲဒူးအဆစ်လွဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။