A d v e r t i s e m e n t With Us

သီလရှင်အား အဓမ္မကျင့်မှုဖြင့်စွပ်စွဲခံရသည့် ကက်သလစ်ဘုန်းတော်ကြီးအာမခံ တရားရုံးပယ်ချ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကဲရာလာပြည်နယ်မှာ သီလရှင်တဦးကို အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲခံထားရတဲ့ ကက်သလစ်ဘုန်းတော်ကြီးတပါးရဲ့ အာမခံကို တရားရုံးက စက်တင်ဘာ ၂၂ ရက်မှာ ပယ်ချလိုက်ပါတယ်။ ဂျာလမ်ဟာနယ်ပိုင် အသင်းတော်ဂိုဏ်းအုပ် ဘုန်းတော်ကြီး ဖရန်ကိုမူလက်ခယ်ဟာ ဗာတီကန်က သူ့အပေါ် ပေးအပ်ထားတဲ့တာဝန်တွေ ယာယီရုပ်သမ်းပြီး နောက်တရက် စက်တင်ဘာလ ၂၁ ရက်မှာ အဖမ်းခံခဲ့ရတာပါ။ သီလရှင်တဦးက ဘုန်းတော်ကြီး မူလက်ခယ်ဟာ ၂ဝ၁၄ ခုနှစ်၊ မေလကစပြီး ၂ နှစ်အတွင်း သူ့ကို အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲထားတာပါ။ သီလရှင်ဟာ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘုန်းတော်ကြီးကို အရေးယူပေးဖို့ ပုပ်ရဟန်းမင်းကြီးထံ အခုလအစောပိုင်းတုန်းက အသေးစိတ်ရေးထားတဲ့ စာတစောင်ကို ရေးပို့ခဲ့တာပါ။ ဘုန်းတော်ကြီး မူလက်ခယ်ကတော့ အမှားအယွင်း တစုံတရာမလုပ်ခဲ့ကြောင်း ပြောကြားထားပါတယ်။ ဗာတီကန်ဟာ အိန္ဒိယမှာဖြစ်နေတဲ့ ဒီအခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာ မပြောထားသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up