A d v e r t i s e m e n t With Us

အီရန်စစ်ရေးပြပွဲ တိုက်ခိုက်ခံရမှု ၂၅ ဦးသေ၊ ၆ဝ ကျော် ဒဏ်ရာရ

စက်တင်ဘာလ ၂၂ ရက်နေ့က အီရန်စစ်ရေးပြပွဲအတွင်း  သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၅ ဦး သေဆုံးပြီး ၆ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနတွေက အစီရင်ခံပါတယ်။ သေဆုံးသူ တဝက်နီးပါးဟာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ အစောင့်တပ်အပေါ် ပြုလုပ်တဲ့ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်ပါတယ်။ တိုက်ခိုက်မှုဟာ အီရန်အရာရှိတွေ တက်ရောက်ရာ စစ်ရေးပြပွဲကြည့်စင်ကို ပစ်မှတ်ထားခဲ့တာပါ။ ဒီတိုက်ခိုက်မှုကို အားဗက်ဇ် အမျိုးသားတော်လှန်ရေးအဖွဲ့လို့ခေါ်တဲ့ အာရပ်အတိုက်အခံ လှုပ်ရှားမှုက လုပ်ဆောင်ခဲ့တယ်ဆိုပြီး ထုတ်ဖော်ပြောကြားပါတယ်။ အလားတူ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကလည်း သူတို့လုပ်တယ်ဆိုပြီး ပြောထားပါတယ်။ ဘယ်အဖွဲ့အစည်းလုပ်တယ်ဆိုတဲ့ သက်သေတော့ မရှိသေးပါဘူး။   မျက်မြင်တဦးက အယောင်ဆောင် စစ်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူတစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို  ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အီရန် အစောင့်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အကြမ်းဖက်သမား ၄ ဦးဟာ အရင်နေ့တွေကတည်းက လက်နက်တွေကို ဖွက်ခဲ့ပြီး၊ စစ်ရေးပြအခမ်းအနားနေ့မှာ ပွဲလာကြည့်သူတွေကို ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပြန်လည်ပစ်ခတ်တာကြောင့် သေနတ်သမား ၃ ဦး နေရာမှာတင် သေဆုံးပြီး ကျန်တဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့လည်း သူကဆက်လက်ပြောကြား ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up