ဆွစ်ဇာလန်တွင် အမျိုးသမီးများအပေါ် ခွဲခြားဆက်မှုကို လူထောင်ချီ ဆန္ဒပြ

အမျိုးသမီးတွေလုပ်ခလစာ တန်းတူရရှိရေးနဲ့ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲ ဆွစ်ဇာလန် နိုင်ငံမြို့တော် ဘန်းမှာ စက်တင်ဘာ ၂၂ ရက်နေ့က ပေါ်ပေါက်ခဲ့ပါတယ်။ လူထောင်ချီပါတဲ့ ဒီဆန္ဒပြပွဲဟာ ဝန်ထမ်း ၁ဝဝ ကျော်ရှိတဲ့ ကုမ္ပဏီတွေမှာ ကျား၊မ လစာကွာဟချက်မရှိအောင် ထိန်းကျောင်းမယ့်အစီအစဉ်ကို လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေချိန်မှာ ထွက်ပေါ်လာတာပါ။ အဖွဲ့အစည်းနဲ့သမဂ္ဂ ၄ဝ ကျော်က ဆန္ဒပြသူတွေဟာ မြို့တော်လမ်းတလျှောက် ချီတက် ဆန္ဒပြခဲ့ကြပြီး ပြည်ထောင်စုရင်ပြင်မှာ စုဝေးခဲ့ကြပါတယ်။ လစာတန်းတူပေးရေး ဥပဒေမူကြမ်းကို လွှတ်တော်မှာ အတည်ပြုနိုင်ပြီဆိုရင်တော့ ဝန်ထမ်း ၁ဝဝ ကျော်ရှိတဲ့ အဖွဲ့အစည်းမှန်သမျှဟာ အမျိုးသားနဲ့အမျိုးသမီးကြား လစာခံစားခွင့် ခွဲခြားမှုမရှိအောင် လေးနှစ်တကြိမ် လစာစိစစ်မှုပြုလုပ်ရမှာပါ။ ဆွစ်ဇာလန်နိုင်ငံဟာ ဥရောပမှာ အမျိုးသမီးလုပ်အား ဒုတိယအမြင့်ဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up