ဆီးရီးယားတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျင်းပ

ဆီးရီးယား အတိုက်အခံလက်နက်ကိုင်တွေ ခြေကုပ်ယူထားတဲ့ အိစ်ဒလစ်ပြည်နယ်နဲ့ ဟာမာပြည်နယ်တွေမှာ နေထိုင်သူတွေဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အင်တာနက် လူမှုကွန်ရက်တွေပေါ် တက်လာတဲ့ ဗွီဒီယိုတွေမှာတော့ အိဒလစ်ပြည်နယ်ထဲက ရာနဲ့ချီတဲ့လူတွေဟာ တူရကီနဲ့ ဆီးရီးယား အတိုက်အခံအလံတွေကို ဝှေ့ယမ်းပြီး ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းတဲ့ ကြွေးကြော်သံတွေကိုလည်း ရွတ်ဆိုခဲ့ကြပါတယ်။ တူရကီနဲ့ ဆီးရီးယားအစိုးရကို ထောက်ခံနေတဲ့ ရုရှားနိုင်ငံတို့ဟာ အိဒလစ်ပြည်နယ်ထဲမှာ စစ်မဲ့ဇုန် အသစ်တခုထူထောင်ပြီး ရုရှားနဲ့တူရကီတပ်ဖွဲ့တွေကို ပိုပြီးစေလွှတ်သွားဖို့ စက်တင်ဘာ ၁၇ ရက်မှာ သဘောတူထားပြီးဖြစ်ပါတယ်။ အိဒလစ်ဟာ ဆီးရီးယားနိုင်ငံထဲက အတိုက်အခံ လက်နက်ကိုင်တွေ နောက်ဆုံးခြေကုပ် ယူထားတဲ့နေရာဖြစ်ပြီး အလက်ပိုမြောက်ပိုင်းနဲ့လည်း ဆက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up