Home
မြန်မာသတင်း
သဗ္ဗညုဘုရားကို တရုတ်အကူအညီဖြင့် ပြင်မည်
DVB
·
September 23, 2018
ပုဂံရှိ သဗ္ဗညုဘုရားကို တရုတ်နိုင်ငံအကူအညီနဲ့ ပြုပြင်ထိန်းသိမ်းသွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဘုရားပြင်ဖို့ တရုတ်-မြန်မာနှစ်နိုင်ငံ သဘောတူစာလွှာ လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၂ ရက်က  သဗ္ဗညုဘုရား အာရုံခံလိုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ တက်ရောက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရားစေတီပုထိုးတွေ ထိခိုက်ပျက်စီးခဲ့မှုများရှိခဲ့ပြီး အဲဒီထဲမှာ  ဉာဏ်တော်အမြင့်ဆုံးစေ တီတစ်ဆူဖြစ်တဲ့ သဗ္ဗညုဘုရားလည်း ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024