Home
မြန်မာသတင်း
တိုင်းရင်းသားတပ်ဖွဲ့များကို သစ်ပါမစ် မပေးရန် အန်အာပီစီ မူချထားဟု ဆို
DVB
·
September 23, 2018
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ကားပါမစ်နည်းတူ သစ်ထုတ်လုပ်ခွင့်ပါမစ် မပေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက မူချထားတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ စက်တင်ဘာ ၂၁ ရက်က နေပြည်တော် သမ္မတအိမ်တော်မှာလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ အမေးကို ဖြေကြားရင်း ပြောခဲ့တာပါ။ “NRPC ရဲ့ အခုနောက်ဆုံးမူက ဘာလဲဆိုတော့ သစ်နဲ့ပတ်သက်လို့ ဘယ် အဖွဲ့အစည်းက တောင်းခံလာသည်ဖြစ်စေ ကျနော်တို့ မပေးတော့ဘူး။ မပေးတော့ဘူး။ ကား ပါမစ်နည်းတူပေါ့နော်၊ သစ်ပါမစ်တွေတောင်းလာရင်။” အရင်တုန်းက တပ်ဖွဲ့တချို့က သူတို့ထုတ်လုပ်ထားတဲ့သစ်တွေ ရှိနှင့်ပြီးဖြစ်လို့ ထုတ်လုပ်ခွင့် တောင်းတာရှိခဲ့ဖူးတယ်။ သစ်တွေ ဟောင်းနွမ်းဆွေးမြေ့ပြီး အလကား ဖြစ်သွားမှာ စိုးလို့ ထုတ်ယူခွင့် ပြုခဲ့ဖူးတာ ရှိပေမယ့် အခုတော့ ဘယ်အဖွဲ့ကိုမှ မပေးတော့ဘူးလို့လည်း ပြောပါတယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေမှာ လက်မှတ်ထိုးထားကြတဲ့ တပ်ဖွဲ့ တချို့ဟာ သူတို့ တပ်ဖွဲ့နဲ့ မိသားစုဝင်တွေ လုပ်ကိုင်စားသောက်ဖို့ သစ်ထုတ်ခွင့်တောင်းတာ ကယးပါမစ်တောင်းတာ သတ္တုတူးဖော်ထုတ်လုပ်ခွင့်တောင်းတာမျိုးတွေ ရှိခဲ့ဖူးပြီး အစိုးရကလည်း ခွင့်ပြုခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024