တရုတ်ပြည်မကြီးနှင့် ဆက်သွယ်ထားသည့် ဟောင်ကောင်၏ ပထမဆုံးကျည်ဆန်ရထား စတင်ပြေးဆွဲ

တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်ထားတဲ့ ဟောင်ကောင်ရဲ့ ပထမဆုံး ကျည်ဆန်ရထားကို စက်တင်ဘာ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ်  ကယ်ရီလမ်နဲ့ ဂွမ်ဒေါင်း ပြည်နယ် အုပ်ချုပ်ရေးမှူး မားရှင်းရွီတို့ တက်ရောက်ခဲ့ပါတယ်။ ကယ်ရီလမ်နဲ့ မားရှင်းရွီတို့က ကျည်ဆန်ရထားလမ်းသစ်ဟာ ဟောင်ကောင်ဒေသခံတွေနဲ့ ပြည်မကြီးပြည်သူတွေကို သွေးစည်းစေလိမ်မယ့်လို့ ပြောကြားပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေကတော့  ဘူတာရုံသစ်ဟာ ဟောင်ကောင်ဒေသရဲ့ လွတ်လပ်မှုတွေအတွက် စိုးရိမ်စရာတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ တခြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှုတွေနဲ့မတူဘဲ ဒေါ်လာ ၁၁ ဘီလျံတန် ဒီ ရထားလမ်း ပရောဂျက်ဟာ အကြီးအကျယ် အငြင်းပွားစရာ ဖြစ်စေပါတယ်။ ဒါဟာ ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်ဒေသကို တရုတ်နိုင်ငံရဲ့  လုပ်ပိုင်ခွင့် တစိတ်တပိုင်းအဖြစ် ပထမဆုံးအကြိမ် လိုက်လျောလိုက်ရတာဖြစ်ပါတယ်။ ကျည်ဆန်ရထားစီးခရီးသည်တွေဟာ တရုတ်လူဝင်မှု ကြီးကြပ်ရေးအရာရှိတွေရဲ့ အထောက်အထား စစ်ဆေးမှုကို ခံယူရပြီး ခရီးစဉ်တလျောက်မှာလည်း အားလုံးဟာ တရုတ်ပြည်မကြီး စည်းမျဉ်းဥပဒေအတိုင်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up