ဂျပန်နှင့်အင်ဒိုနီးရှား ရေတပ်သင်္ဘောများ ချစ်ကြည်ရေး သရုပ်ပြလေ့ကျင့်

ဓာတ်ပုံ - reuter
ဂျပန်နိုင်ငံရဲ့ ရဟတ်ယာဉ်တင်သင်္ဘော ကာဂါဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ ဆိပ်ကမ်းပြင်ပမှာ  ၄ ရက်ကြာ ရပ်နားပြီးနောက် စက်တင်ဘာ ၂၂ ရက်နေ့က ထွက်ခွာခဲ့ပါတယ်။ အဲဒီလို ထွက်ခွာပြီးနောက် ရဟတ်ယာဉ်တင်သင်္ဘော ကာဂါနဲ့ တခြား ဂျပန် ဖျက်သင်္ဘော ၂ စီးတို့ဟာ အင်ဒိုနီးရှား ရေတပ်ကင်းလှည့်ရေယာဉ် တစီးနဲ့ ချစ်ကြည်ရေး သရုပ်ပြ လေ့ကျင်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို လေ့ကျင်ရာမှာ ရေယာဉ်တွေ အုပ်ဖွဲ့ ခုတ်မောင်းမှုနဲ့ ရေယာဉ်အချင်းချင်း ၂ နာရီကြာ ဆက်သွယ်မှုတွေ ပါဝင်ပါတယ်။ ဖျက်သင်္ဘောနှစ်စီးထဲက အီနောဇုမဟာ ကာဂါ ရဟတ်ယာဉ်တင် သင်္ဘော မစ်ရှင်နဲ့အတူ  ဆက်လက် ခြံရံလိုက်ပါလာမှာ ဖြစ်ပြီး ဆူဇုဆွတ်ကီ ဖျက်သင်္ဘောကတော့ ဂျပန်နိုင်ငံကို  ပြန်လည် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ကာဂါ ရဟတ်ယာဉ်တင် သင်္ဘောဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်း နှစ်လကြာ လှည့်လည်မှာဖြစ်ပြီး စက်တင်ဘာလ အကုန်မှာတော့ သီရိလင်္ကာနိုင်ငံမှာ ဆိပ်ကမ်းကပ်မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up