A d v e r t i s e m e n t With Us

လီဗာပူး အိမ်ကွင်းတွင် ဆောက်သမ်တန်ကို ၃ ဂိုးပြတ် အနိုင်ရ(ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၃ ဂိုးပြတ်နဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒီနှစ်ရာသီမှာ ခြေစွမ်းထက်နေတဲ့ လီဗာပူးဟာ ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲအားလုံးကနေ ၇ ပွဲဆက်တိုက် အနိုင်ရတာပါ။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁ဝ မိနစ်လောက်မှာ တဖက်ကစားသမား ကိုယ့်ဂိုးကို သွင်းမိရာကနေ ရသွားတာပါ။ ဒုတိယဂိုးကို ၂၁ မိနစ်မှာ နောက်တန်းသမား မာတစ်၊ တတိယဂိုးကို ၄၈ မိနစ်မှာ တိုက်စစ်မှူး ဆာလက်က အသီးသီး သွင်းယူပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့တပတ် ချန်ပီယံလိဂ်မှာလည်း နာမည်ကြီး ပီအက်စ်ဂျီအသင်းကို အနိုင်ယူထားတာပါ။ ဒီပွဲမှာ ကွင်းလယ်သမား ရှာကွီရီ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ လီဗာပူးဟာ ကစားပြီးတဲ့ ပရီးမီးယားလိဂ် ၆ ပွဲစလုံး အနိုင်ရထားလို့ ၁၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ဆောက်သမ်တန်က ၅ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up