A d v e r t i s e m e n t With Us

အီရန် စစ်ရေးပြပွဲတွင် သေနတ်သမားများ ၀င်ရောက်ပစ်ခတ်၊ အများအပြား သေဆုံး

အီရန်နိုင်ငံ အနောက်တောင်ပိုင်း အားဗက်စ်မြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ စစ်ရေးပြပွဲ တခုအတွင်း သေနတ်သမားတွေ  ပစ်ခတ်မှုကြောင့် လူအများအပြား သေဆုံးပြီး အနည်းဆုံး ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ သေနတ်သမားတွေဟာ စစ်ဝတ်စုံတွေ ဝတ်ဆင်ပြီး စစ်ရေးပြပွဲအနီး ပန်းခြံတခုကနေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ရေးပြပွဲဟာ ၁၉၈ဝ-၈၈ အီရန်-အီရတ် စစ်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်တာဖြစ်ပါတယ်။ အဲဒီ သေနတ်ပစ်ခတ်မှုဟာ ၁ဝ မိနစ် လောက်ကြာမြင့်ပြီး အခုအခါမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အခြေနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုကို အစ္စလာမ်မစ် စစ်သွေးကြွတွေ လုပ်ဆောင်ခဲ့တယ်လို့ ယူဆကြောင်း နိုင်ငံပိုင်မီဒီယာကနေ ကြေညာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up