ကမ္ဘာ့အနက်ဆုံး ရေကူးကန်ထဲက တမူထူးခြားတဲ့ ရေအောက်ပါတီ (ရုပ်သံ)

အီတလီနိုင်ငံ ပါဂျီဝါမြို့က ကမ္ဘာ့အနက်ဆုံး ရေကူးကန်ထဲမှာ ရေအောက်ပါတီကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ပါတယ်။ Deep House အမည်ရ ဒီပါတီကို ဘီယာကုမ္ပဏီတခုက စီစဉ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ပါတီကို ၄၂ မီတာအနက်ရှိထဲ ရေကူးကန်ထဲမှာ လိုဏ်ခေါင်းပုံစံ ဒီဇိုင်းတွေကို ဖန်တီးထားပြီး London DJ Artwork ဒီဂျေသံစဉ်တွေနဲ့ အားဖြည့်ထားပါတယ်။ ပါတီကို ပရိသတ် ၁၀၀ လောက် တက်ရောက်ခဲ့ပြီး ရေထဲမှာ ဆင်နွှဲလိုတဲ့သူတွေဟာ ရေငုပ်တဲ့ ခေါင်းစွတ်ကို ၀င်ဆင်ရပါတယ်။ ကလပ်တွေမှာအတိုင်း ဒီဂျော သံစဉ်တွေကို ရေအောက်မှာ နားဆင်နိုင်တဲ့ အသံစနစ်ကို လုပ်ပေးထားပါတယ်။ ဒါ့အပြင် ကခုန်နိုင်ပျော်မြူးနိုင်အောင် Dancing Floor ပါ လုပ်ပေးထားပါတယ်။ ပါဝင်ဆင်နွှဲတဲ့သူတွေကတော့ အံ့သြစရာကောင်းသလို တခြားဂြိုဟ်တခုမှာ လမ်းလျှောက်သလို ခံစားရပြီး တမူထူးခြားတဲ့ အရသာမျိုး ခံစားရတယ်လို့ ပြောပါတယ်။

//
More News
Up