Home
မြန်မာသတင်း
မုံရွာမြို့တွင် တက္ကသိုလ်ကျောင်းသား ၃ ဦး ဓားထိုးခံရ
DVB
·
September 22, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း၊ ပညာရိပ်မွန် အမျိုးသမီးသမီးဆောင်ရှေ့မှာ စက်တင်ဘာ ၂၁ ရက်နေ့၊ ည ၁၀ နာရီလောက်မှာ တက္ကသိုလ်ကျောင်းသား ၃ ဦးကို လူတဦးက ဓားနဲ့ ထိုးမှုဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသားတွေ ဂီတာတီး သီးချင်းဆိုနေရာကို  ထွန်းအေး (ခေါ်) အဲနော်ဆိုသူ ရောက်လာပြီး “မင်းတို့ ငါ့ကိုဆဲသွားတာလား” လို့ ပြောရာမှ စကားများရန်ဖြစ်ပြီး  ထွန်းအေးက အသင့်ပါလာတဲ့ အရိုးအသွား ၁၀ လက်မလောက်ရှိ ဓားဦးချွန်နဲ့ ထိုးခဲ့တာလို့ ရဲတပ်ဖွဲ့တဦးက ပြောပါတယ်။ ဓားထိုးမှုကြောင့် ဘူမိဗေဒ တတိယနှစ်ကျောင်းသား နေထူးအောင် (၂၃) နှစ်နဲ့ ဘူမိဗေဒနောက်ဆုံးနှစ်ကျောင်းသား စန်းသော် (၂၁) နှစ်တို့ စိုးရိမ်ရဒဏ်ရာနဲ့ ပထ၀ီဒုတိယနှစ်ကျောင်းသား အောင်မြင့်ပို မစိုးရိမ်ရ ဒဏ်ရာတွေ အသီးသီးရရှိခဲ့ပြီး ဂရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းကားနဲ့ မုံရွာ ကုတင် ၅၀၀ ဆေးရုံးကြီးကို ပို့ဆောင်ကာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ လျှပ်စစ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ ဓားနဲ့ထိုးသူ အသက် ၂၇ နှစ်အရွယ် ထွန်းအေးကို စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ချမ်းမြဝတီရပ်ကွက်က နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာ နယ်မြေရဲစခန်းက ပ ၃၃၇/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၂၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းက တက္ကသိုလ်စာမေးပွဲတွေ ဖြေဆိုနေချိန်လည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024