တန်ဇန်နီးယား ရေယာဉ်နစ်မြုပ်မှုမှ ၁၃၆ လောင်း ဆယ်ယူရရှိ

1.2K
တန်ဇန်းနီးယားနိုင်ငံက ဗစ်တိုးရီးယားကန်ထဲ ကြိုပို့ရေယာဉ်မှောက်ပြီး နောက်တရက်မှာ ကယ်ဆယ်ရေးသမားတွေက ဆယ်ယူထားတဲ့ အလောင်း ၁၃၆ လောင်း အထိ ရှိနေပြီလို့ အာဏာပိုင်တွေကပြောပါတယ်။
MV ညယ်ရဲရဲ ရေယာဉ်ဟာ အူခယ်မယ်ဝဲကျွန်း ကမ်းကနေ ခွာပြီး မကြာခင် စက်တင်ဘာလ ၂ဝ ရက်နေ့က မှောက်ခဲ့တာပါ။
ကန်ထဲကနေ လူ ၃၇ ဦးကို အသက်ရှင်လျက် ကယ်ထားနိုင်တယ်လို့ ကန်တောင်ပိုင်း ဆိပ်ကမ်း ဒေသန္တရရဲတပ်ဖွဲ့ ပြောခွင့်ရသူကပြောပါတယ်။
ရေယာဉ်အမှုထမ်းတွေရော၊ ပစ္စည်းကိရိယာတွေရော ပျောက်ဆုံးနေလို့ ရေယာဉ်ပေါ်မှာ အမှန်တကယ် ပါသွားသူ အရေအတွက်ကို မသိနိုင်သေးပါဘူး။
တန်ဇန်းနီးယားနိုင်ငံဟာ ကြိုပို့ရေယာဉ်နစ်မြုပ်မှု ဖြစ်ရပ်ဆိုးတွေ အရင်တုန်းကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
၁၉၉၆ ခုနှစ်မှာ ဗစ်တိုးရီးယား ရေကန်ထဲမှာပဲ ကြိုပို့ရေယာဉ်နစ်မြုပ်ခဲ့လို့ အနည်းဆုံး လူ ၅၀ဝ သေဆုံးခဲ့ပါတယ်။
ဒါ့ပြင် ၂၀၁၂ ခုနှစ်တုန်းကလည်း တန်ဇန်းနီးယားကမ်းလွန် အိန္ဒိယသမုဒ္ဒရာထဲမှာ ကြိုပို့ရေယာဉ်တစင်း နစ်မြုပ်ခဲ့လို့ လူ ၁၄၅ ဦးသေဆုံးခဲ့ပါတယ်။