ချီလီဘုန်းတော်ကြီး ၂ ပါး ရာထူးမှ နုတ်ထွက်စာကို ပုပ်ရဟန်းမင်းကြီး လက်ခံ

979
ချီလီနိုင်ငံမှာ ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းညှဥ်းဆဲမှု အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် ချီလီဘုန်းတော်ကြီး နှစ်ပါးရဲ့ ရာထူးမှ နုတ်ထွက်စာကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ လက်ခံခဲ့တယ်လို့ ဗာတီကန်က စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြောပါတယ်။
ဒါဟာ ပျံ့နှံ့လာနေတဲ့ အရှုပ်တော်ပုံကို ပုပ်ရဟန်းမင်းကြီး ဖြေရှင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
လိင်ပိုင်းညှဉ်းဆဲခံရဖူးတယ်လို့ ဆိုသူတဦးကတော့ ဘုန်းတော်ကြီးတွေဟာ ညှဥ်းဆဲခံရသူတွေကို မကာကွယ်ဘဲ ညှဉ်းဆဲသူ ဒါမှမဟုတ် သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့တာကြောင့် ပုပ်ရဟန်းမင်းကြီးက အခုလို ကျောင်းတော်က နှင်ထုတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ကျောင်းတော် တာဝန်ရှိသူတဦးကတော့ အဲဒီ ဘုန်းတော်ကြီးတွေအနေနဲ့ သက်ဆိုင်ရာ တရားစီရင်မှုကို ဆက်လက်ရင်ဆိုင်ရမယ်လို့လည်း ပြောခဲ့ပါတယ်။
ချီလီနိုင်ငံအတွင်း ဒီအရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ဘုန်းတော်ကြီး ၃၄ ပါးဟာ ရာထူးနုတ်ထွက်စာတင်ခဲ့ပြီး အဲဒီထဲက ၇ ပါးဟာ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ ရိုက်တာသတင်း အရ သိရပါတယ်။