တိုက်လေယာဉ်၊ ကားနှင့် ဆိုင်ကယ်တို့ အမောင်းပြိုင်ပွဲ ဘယ်သူနိုင်မလဲ (ရုပ်သံ)

ဒါကတော့ ပုံမှန်မဟုတ်တဲ့ ယာဉ်ပြိုင်ပွဲတခုဖြစ်ပြီး ကား၊ ဆိုင်ကယ်နဲ့ လေယာဉ်တို့ရဲ့ အမောင်းပြိုင်ပွဲဖြစ်ပါတယ်။ တူရကီနိုင်ငံက လေယာဉ်ကွင်းသစ်ကြီးမှာ ပြုလုပ်တဲ့ လေကြောင်းနဲ့ နည်းပညာပြပွဲမှာ အက်ဖ် ၁၆ ဂျက်တိုက်လေယာဉ်၊ ရိုးရိုးလူစီးလေယာဉ်နဲ့ နာမည်ကြီး ဇိမ်ခံ ကားအမျိုးအစားတွေ အပါအ၀င် ပြိုင်ပွဲဝင် ဖော်မြူလာဝမ်း ကား ရက်ဘူးနဲ့ ကာဝါဆာကီ မော်တော်ဆိုင်ကယ်တို့ကို ဘယ်သူ အမြန်ဆုံးလဲ ဆိုတာကို ပြိုင်ခိုင်းစေတဲ့ ပြိုင်ပွဲပါ။ မီတာ ၄၀၀ အရှည်ရှိတဲ့ လေယာဉ်ပြေးလမ်းပေါ်မှာ ဘယ်သူ အမြန်ဆုံး ပန်းဝင်နိုင်မလဲ ဆိုတာကို ယှဉ်ပြိုင်ခဲ့တာပါ။ ပုံမှန်အတွေးဆိုရင်တော့ အက်ဖ် ၁၆ ဖိုက်တာက နိုင်မယ်လို့ ထင်ခြင်စရာပါ။ တကယ့် လက်တွေ့မှာတော့ ကာဝါဆာကီ ဆိုင်ကယ်က သူ့ပြိုင်ဖက်တွေဖြစ်တဲ့ အက်ဖ် ၁၆ တိုက်လေယာဉ်နဲ့ ရက်ဘူးကားတို့ကို ၀.၀၄ စက္ကန့်အသာနဲ့ ဖြတ်ကျော်ပြီး အရင်ဆုံး ပန်းဝင်နိုင်ခဲ့ပါတယ်။ အရင်ဆုံး ပန်းဝင်နိုင်တဲ့ ကာဝါဆာကီ ဆိုင်ကယ်ကို ကမ္ဘာ့ချန်ပီယံဟောင်း ကီနန် ဆာဖိုလော့ဂလူက မောင်းနှင်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up