A d v e r t i s e m e n t With Us

ချောက်​​ရေနံ​မြေတွင်​ ​ရေနံတွင်းအသစ်​ ၇ တွင်း တူး​ဖော်​၊ ရေနံစည် ၅၀၀ ခန့် တိုးမြှင့်ထုတ်လုပ်

မ​ကွေး​တိုင်း​ဒေသကြီး​ ချောက်​မြို့နယ်​က ​ချောက်​လမ်းရွာ​ရေနံ​မြေမှာ ဒီနှစ်​ထဲ ​ရေနံတွင်းအသစ်​ ၇ တွင်း တူး​ဖော်​နိုင်​ခဲ့တယ်လို့ ​ချောက်​-လမ်းရွား ​ရေနံ​မြေ အ​ထွေ​ထွေမန်​​နေဂျာ ဦးကိုကိုသက်​က ဒီဗွီဘီကို​ပြောပါတယ်​။ အဆိုပါတူး​ဖော်​ထုတ်​လုပ်​မှုကို စွမ်းအင်​ဝန်​ကြီးဌာန- မြန်​မာ့​ရေနံနှင့် သဘာဝဓာတ်​​ငွေလုပ်​ငန်း (MOGE) နဲ့ Gold Petrol Myanmar JOC INC တို့ ပူး​ပေါင်း​ဆောင်းရွက်​ခဲ့တာဖြစ်​ပါတယ်။ ရေနံတွင်းအသစ်​ ၇ တွင်း တူး​ဖော်​နိုင်ခဲ့တာကြောင့် ​ရေနံစည်​ ၅၀၀ လောက် တိုးမြှင့် ထုပ်​လုပ်​နိုင်​လာတယ်​လို့ ဆိုပါတယ်​။ “​နောက်​ထပ်​လည်း ​ချောက်​​ရေနံ​မြေမှာ ဒီဇင်​ဘာအထိ တွင်းသစ်​ ၅ တွင်း တူး​ဖော်​သွားဖို့ အစီစဉ်​ ရှိတယ်​” လို့ မန်​​နေဂျာက ​ပြောပါတယ်​။ ​ချောက်​​ရေနံ​မြေကို ၁၉၀၁ ခုနှစ်​မှ စတင်​တူး​ဖော်​ခဲ့ပြီး တွင်း​ပေါင်း ၁၄၉၈ တွင်း တူး​ဖော်​ခဲ့ပါတယ်​။ လက်​ရှိအချိန်​မှာ​တော့ ​ချောက်​​ရေနံ​မြေမှာ ၉၆ တွင်း လမ်းရွာ​ရေနံ​မြေမှာ ၁၇ တွင်း ထုတ်လုပ်​​နေပြီး မ​နေ့ကထိ ​ရေနံစည်​​ပေါင်း တစ်​ရက်​လျှင်​ ၁၃၀၀ ​ကျော်​ ထုပ်​လုပ်​နေ​ကြောင်း သိရပါတယ်​။ သတင်း-ကိုလင်း(​ချောက်​)

A d v e r t i s e m e n t With Us

More News
Up