A d v e r t i s e m e n t With Us

မိုဒရစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနှင့် ထိုက်တန်ဟု ရီးရဲလ်နည်းပြပြော

ကွင်းလယ်သမား လူကာ မိုဒရစ်ဟာ ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနဲ့ ထိုက်တန်တယ်လို့ ရီးရဲလ်မက်ဒရစ် နည်းပြ လိုပက်တက်ဂွီက ပြောပါတယ်။ ကွင်းလယ်သမား မိုဒရစ်ဟာ ရီးရဲလ်ကို ချန်ပီယံလိဂ်မှာ ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင်နဲ့ ခရိုအေရှားကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိရောက်အောင် ကူညီထားတာကြောင့် အကောင်းဆုံးဆုနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂ဝ၁၇၊ ၂ဝ၁၈ ဘောလုံးရာသီဟာ မိုဒရစ်အတွက် အကောင်းဆုံး ရာသီဖြစ်တယ်လို့လည်း ရီးရဲလ်နည်းပြက ပြောပါတယ်။ ဒီနှစ်ပေးမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၃ ယောက်စာရင်းမှာ မိုဒရစ်၊ ရော်နယ်ဒိုနဲ့ မိုဟာမက် ဆာလက်တို့ ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up