ပြဿနာများဖြင့် ထိုးသတ်စင်ပေါ် ပြန်လာသည့် မက်ဂရီဂေါ

UFC စတားတယောက်ဖြစ်တဲ့ အိုင်းရစ်လူမျိုး ကော်နာမက်ဂရီဂေါဟာ ထိုးသတ်စင်ပေါ် ပြန်တက်လာခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ပြဿနာရှာတတ်တဲ့ အကျင့်ကို ထပ်မံပြသခဲ့ပါတယ်။ မကြာခဏဆိုသလို ဒေါသအလျောက် အမှားတွေ ကျူးလွန်လေ့ရှိတဲ့ မက်ဂရီဂေါဟာ မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း ဝီစကီသောက်ပြီး ပြိုင်ဘက်ကို မထီမဲ့မြင် ထပ်မံပြုလုပ်ခဲ့ပါတယ်။ UFC ၂၂၉ ပွဲစဉ်မှာ တကျော့ပြန် မက်ဂရီဂေါနဲ့ ရုရှာားးလူမျိုး ခါဘစ်နူမာဂိုမီဒေါ့ဗ်တို့ ပထမဆုံးအကြိမ် ထိုးသတ်ကြမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲမှာလည်း အပြိုင်ဆိုင် စကားရည်လုခဲ့ကြပေမယ့်။ ခါဘစ်ဟာ လိုက်ဖ်ဝိတ်ရဲ့ ချန်ပီယံဖြစ်ပြီးတော့ မက်ဂရီဂေါဟာလည်း လိုက်ဖ်ဝိတ်မှာ နံပါတ် ၁ ဖြစ်သလို နှစ်ယောက်စလုံးကတော့ မှတ်တမ်းကောင်းတွေ ရှိနေခဲ့ပါတယ်။ ခါဘစ်ဟာ ၂၆ ပွဲထိုးသတ်ရာမှာ ရှုံးပွဲမရှိဘဲ မက်ဂရီဂေါကတော့ ၂၁ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားခဲ့ပါတယ်။ အလဲထိုးရာခိုင်နှုန်းကတော့ မက်ဂရီဂေါက အပြတ်အသတ်သာနေခဲ့ပြီး မကြာသေးခင်ကလည်း နာမည်ကျော်လက်ဝှေ့သမား မေဝဲသာကို စိန်ခေါ်ထိုးသတ်ရာ ရှုံးနိမ့်ထားခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ အောက်တိုဘာလ ၆ ရက်နေ့ အမေရိကန်နိုင်ငံမှာရှိတဲ့ တီမိုဘိုင်းလ် အရီနာမှာ ကျင်းပပြုလုပ်မှာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up