နက်ရှိုင်းလှသည့် ချောက်ကမ်းပါးစွန်းမှ ရင်သပ်ရှုမော အံ့ဖွယ်စားသောက်ဆိုင် (ရုပ်သံ)

ချောက်ကမ်းပါးစွန်းမှာ မေးတင်ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တဆိုင်ကို သင် တွေ့ဖူးပါ သလား။ ဒီလိုဆိုင်မျိုးက တရုတ်နိုင်ငံမှာတော့ တကယ့်ကို ရှိနေတာပါ။ နိုင်ငံအရှေ့ပိုင်း ဇီကျန်းခရိုင်ထဲက လောင်ကွမ်းတောင်ထိပ်မှာ တည်ရှိတဲ့ ဒီစား သောက်ဆိုင်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကမှ စတင်မိတ်ဆက်လိုက်တာပါ။ ကနဦးမိတ်ဆက်တဲ့ ဖွင့်ပွဲနေ့မှာ လာရောက်ခဲ့ကြတဲ့ ဧည့်သည် ၁ဝဝ ကျော်ကတော့ ထူးခြားအံ့ဖွယ် ချောက်ကမ်းပါးစွန်းစားသောက်ဆိုင်ရဲ့ ပထမဆုံးသော ဧည့်သည်တွေ ဖြစ်သွားခဲ့ကြပါပြီ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တောင်ထိပ်ချောက်ကမ်းပါးစွန်းတလျှောက် မေးတင် လျက်သား အခြေအနေနဲ့ စားသုံးသူတွေဟာ အစားအသောက်တွေကို ဘေးပတ်ဝန်း ကျင်ရှုခင်းအလှအပတွေနဲ့ စားသုံးနေကြတာကို တွေ့ရမှာပါ။ ဒီဆိုင်ကို လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့မှာ အများပြည်သူတွေ လာရောက် အပန်းဖြေစားသောက်နိုင်ဖို့ ဖွင့်လှစ်မှာဖြစ်ပြီး သွားရောက်ချင်သူတွေအနေနဲ့ အွန်လိုင်း ကနေတဆင့် ကြိုတင်စာရင်းပေးသွင်းရမယ်လို့ စီဂျီတီအန်သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up