ကက်တလန်ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် စပိန်တွင် လူထောင်ချီ တောင်းဆို

စပိန်နိုင်ငံ ကက်တယ်လိုးနီးယားပြည်နယ် ဘာစီလိုးနားမြို့မှာ စက်တင်ဘာလ ၂ဝ ရက်နေ့က ထောင်နဲ့ချီတဲ့ ဒေသခံတွေ စုဝေးပြီး စပိန်ဗဟို အစိုးရ ဖမ်းဆီးထားတဲ့ ကက်တလန်ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီနေ့ဟာ  စပိန်ရဲတပ်ဖွဲ့က ကက်တလန်အစိုးရ ရုံးတွေကို ဝင်ရောက်စီးနင်းပြီး ကက်တလန် ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တဲ့ တနှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်။ ဒီကနေ့စုဝေးပွဲကို ကက်တလန် ခေါင်းဆောင် ကင်တော်ရာနဲ့ လက်ရှိကက်တလန် လွှတ်တော်ဥက္ကဌ ရော်ဂျာတော်ရန်တို့လည်း တက်ရောက်ခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးက  ဖမ်းဆီးခံထားရတဲ့ ကက်တလန်ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့နဲ့ ကက်တလန်ဒေသခွဲထွက်ရေးကို ရှေ့တိုးလုပ်ဆောင်ဖို့ လူထုကို တိုက်တွန်းခဲ့ ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁ ရက်နေ့က ကက်တလန်ဒေသမှာ စပိန်ဗဟိုအစိုးရ လက်အောက်ကနေ အပြီးတိုင်ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီး အဲဒီပွဲကို ဗဟိုအစိုးရ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up