ယီမင်တွင် ဟူသီသူပုန်များ မြို့တော်ပြန်သိမ်းယူနိုင်သည့် ၄ နှစ်အပြည့် အခမ်းအနားကျင်းပ

810
ယီမင်နိုင်ငံ မြို့တော်ဆာနာမှာ စက်တင်ဘာလ ၂ဝ ရက်နေ့က ဟူသီသူပုန်တွေ မြို့တော်ကို ပြန်လည်သိမ်းယူနိုင်တဲ့ ၄ နှစ်ပြည့် အခမ်းအနား ကျင်းပခဲ့ပါတယ်။
စစ်ကြောင့်ကြေမွနေတဲ့ ယီမင်နိုင်ငံမှာ ထောင်သောင်းချီတဲ့ ဟူသီထောက်ခံသူတွေဟာ အနီရောင်အလံတွေကို ဝှေ့ယမ်းပြီး လက်ရှိယီမင်အစိုးရကို ထောက်ခံတဲ့ ဆောင်ပုဒ်တွေကို သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
၂ဝ၁၁ ခုနှစ်က ယီမင်နိုင်ငံမှာ ရှီးအိုက်မူဆလင်အများစု ပါဝင်တဲ့ ဟူသီ လှုပ်ရှားမှုကြီးကြောင့် သမ္မတအာလီဆာလက် အစိုးရပြုတ်ကျခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ မြို့တော်ဆာနာအပါအဝင် ယီမင်နိုင်ငံ အစိတ်အပိုင်း အတော်များများကို ဟူသီသူပုန်တွေက ထိန်းချုပ်ထားပါတယ်။
ဒါပေမယ့် ဆူနီမူဆလင်အများစုပါဝင်တဲ့ ဆော်ဒီဦးဆောင်တဲ့ အာရပ် မဟာမိတ်တပ်တွေက ဟူသီအစိုးရ ပြုတ်ကျရေးအတွက် ၂ဝ၁၅ ကစပြီး ဖိအားပေး တိုက်ခိုက်နေတာကြောင့် အခြေအနေတင်းမာနေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။