ရာဇ၀တ်ဂိုဏ်းများထံမှ သိမ်းဆည်းခဲ့သည့် စက်သေနတ်များ ဘရာဇီးရဲ ပြသ

ဘရာဇီးရဲတွေဟာ ရီယိုဒီ ဂျနေရိုမြို့ရဲ့ ဆင်းရဲသားရပ်ကွက်ထဲက ရာဇဝတ်ဂိုဏ်းဆီကနေ သိမ်းဆည်းခဲ့တဲ့ ဘရောင်းနင်း ပွိုင့်ဖိုက် ကာလီဘယ် စက်သေနတ်ကို ခင်းကျင်းပြသခဲ့ပါတယ်။ အဲဒီ M2 သေနတ်ဟာ သံချပ်ကာကားတွေကို ဖောက်ထွင်းပစ်ခတ်နိုင်သလို လေယာဉ်ကို ပစ်ချနိုင်လောက်တဲ့အထိ အင်အားပြင်းတယ်လို့ ရဲတွေက ပြောပါတယ်။ ဒီသေနတ်ကို ရောင်းဖို့ ညှိနှိုင်းနေတုန်း သေနတ်နဲ့အတူ လူ ၂ ယောက်ကို ဖမ်းခဲ့တယ်လို့ ရဲက ပြောပါတယ်။ ဒါဟာ ရီယိုမြို့မှာ M2 သေနတ်နဲ့ ထိပ်တိုက်တိုးတာ ပထမဆုံး အကြိမ်ပဲလို့လည်း ရဲတွေက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up