အတိုက်အခံအမတ်ကို လွှတ်ပေးရန် တူရကီတရားရုံး အမိန့်ထုတ်

Enis Berberoglu, the first lawmaker from the main opposition Republican People's Party (CHP) to be jailed amid government purges following a failed military coup in 2016, reacts after being released from the prison in Silivri near Istanbul, Turkey, September 20, 2018. REUTERS/Huseyin Aldemir
တူရကီအတိုက်အခံ လွှတ်တော်အမတ်တယောက်ကို ထောင်ကနေ ပြန်လွှတ်ပေးဖို့ တူရကီတရားရုံးက စက်တင်ဘာ ၂၀ မှာ အမိန့်ထုတ်ခဲ့တယ်လို့ အစိုးရပိုင် အနာဒိုလူ သတင်းဌာနက ပြောပါတယ်။ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မှုနဲ့ ထောင်ဒဏ် ၅ နှစ်ကျော် ပြစ်ဒဏ်ချ ခံထားရတဲ့ အီးနစ် ဘာဘေရိုဂလူဟာ အဓိက အတိုက်အခံပါတီ CHP ကပါ။ ၂၀၁၆ ခုနှစ် မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုအပြီး အစိုးရရဲ့ နှိမ်နင်းမှုအတွင်း ထောင်ချခံခဲ့ရပါတယ်။ တူရကီ ထောက်လှမ်းရေးတွေက ဆီးရီးယားနိုင်ငံအတွင်း လက်နက်တွေ ကုန်ကားနဲ့ ပို့နေပုံ ရုပ်သံကို အတိုက်အခံ သတင်းစာတိုက်ဆီ ပေးခဲ့လို့ သူ့ကို သူလျှိုမှုနဲ့ ၂၀၁၇ ဇွန်လမှာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီး သူကတော့ စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီ တရားရုံး ကြားနာပွဲမှာ သူ့အတွက် ထောင်ဒဏ်ကို ၅ နှစ်နဲ့ ၁၀ လထိ လျှော့ချခဲ့ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ သူ့ပြစ်ဒဏ်ကို ဆိုင်းငံ့ထားသင့်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ CHP လွှတ်တော်အမတ်အဖြစ် သူ့သက်တမ်းကို ဆက်ထမ်းဆောင်ဖို့ လွှတ်ပေးခဲ့တယ်လို့ အနာဒိုလူ သတင်းက ပြောပါတယ်။ တူရကီရဲ့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုအပြီး လူအယောက် ၅ သောင်းကျော် အဖမ်းခံခဲ့ရပြီး လူအယောက် ၁ သိန်းခွဲကျော် အလုပ်ထုတ်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up