ထရမ့်ခန့်ထားသည့် တရားသူကြီးချုပ်ကို လိင်ပိုင်းစော်ကားမှုဖြင့် စစ်ဆေးပေးရန် တောင်းဆို

1.7K
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ စက်တင်ဘာ ၂ဝ ရက်နေ့က အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေစုပေါင်းပြီး “တရားသူကြီးချုပ်အဖြစ် သမ္မတ ထရမ့်ရွေးချယ်ထားတဲ့ ဘရက်ကဗန်နော့” ကို လိင်ပိုင်ဆိုင်းရာ စော်ကားမှုနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရှေးရိုးစွဲ တရားသူကြီးတဦးဖြစ်တဲ့ ကဗန်နော့ကို အမေရိကန်ပြည်ထောင်စုရဲ့ တရားသူကြီးချုပ်အဖြစ် ခန့်အပ်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ သမ္မတထရမ့်က အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
အဲဒီနောက် သိပ်မကြာခင်မှာဘဲ ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်လ်တို တက္ကသိုလ် စိတ်ပညာပါမောက္ခ ခရစ္စတင်းဖော့က ကဗန်နော့ဟာ အထက်တန်းကျောင်းသားဘ၀က သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုပြီး လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။
ဒီအတွက် အခု စက်တင်ဘာလ ၂၁ ရက်နေ့မှာ စွပ်စွဲသူနဲ့ စွပ်စွဲခံရသူ နှစ်ဦးစလုံးကို ကြားနာစစ်ဆေးဖို့ အထက်လွှတ်တော် တရားရေးကော်မတီကနေ ဆင့်ခေါ်ထားပါတယ်။
ဒီကြားနားစစ်ဆေးမှု ပျက်ကွက်မှာကို စိုးရိမ်တဲ့အတွက် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ဖိအားပေး တောင်းဆိုနေတာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။