YBS ဘတ်စ်ကားခ ၁ဝဝ ကျပ်တက်မည့်သတင်း ကောလာဟလသာဖြစ်ဟုဆို

YBS ဘတ်စ်ယာဉ်လိုင်းတွေ ယာဉ်စီးခကျပ် ၁ဝဝ တက်မယ့် သတင်းဟာ ကောလာဟလဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ လက်ရှိမှာ ဒေါ်လာဈေး ဂယက်ကြောင့် လောင်စာဆီဈေးနှုန်းတွေတက်နေပြီး  YBS ယာဉ်စီးခတွေ ကျပ် ၁ဝဝ တက်မယ်လို့ သတင်းတွေ ထွက်နေတာပါ။ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “ကျနော်တို့ YRTA က ဘာညွှန်ကြားချက်မှ မထုတ်ထားပါဘူး။ ကောလာဟလတွေပါ။ ပြီးတော့ ကျနော်တို့ YBS ကားတွေက စက်သုံးဆီနဲ့မောင်းတာ မဟုတ်ပါဘူး၊ CNG နဲ့ပါ။ အဲဒါကြောင့် ဘာရိုက်ခတ်မှုမှ မရှိပါဘူး” လို့ ပြောပါတယ်။ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်းဟာ စက်တင်ဘာ ၂၁ ရက်မှာ ၁ ဒေါ်လာကို မြန်မာကျပ် ၁၆၃၀ ကျော်ထိ ရောက်ရှိနေပါတယ်။ YRTA လက်အောက်မှာ ယာဉ်စီးရေ ၄၆ဝဝ ကျော် နဲ့ လိုင်းပေါင်း ၁၁ဝ လောက်ပြေးဆွဲနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up