ဗြိတိန် ရော့ခ်တေးဂီတအဖွဲ့ မာကျူရီတေးဂီတဆု ရရှိ

ဗြိတိန် ရော့ခ်တေးဂီတအဖွဲ့ ဝုဖ်အဲလစ်ဟာ မာကျူရီတေးဂီတဆုကို Visions of a Life တေးအယ်လ်ဘမ်နဲ့ ရရှိသွားပါတယ်။ Visions of a Life ဟာ ဒီအဖွဲ့ရဲ့ ဒုတိယတေး အယ်လ်ဘမ်ဖြစ်ပြီး မနှစ်တုန်းက ဗြိတိန်မှာ တေးအယ်လ်ဘမ် စာရင်းမှာ အဆင့် ၂ ရရှိခဲ့ပါတယ်။ အရင်တုန်းကလည်း မာကျူရီတေးဂီတဆု ဆန်ကာတင်စာရင်းမှာ ပါခဲ့ပေမယ့် ဆုရတာကတော့ ပထမဆုံး ဖြစ်တယ်လို့ အဖွဲ့ဝင် ဂျိုးအေမီက ပြောပါတယ်။ လန်ဒန်မြောက်ပိုင်း ဂီတပညာရှင် ၄ ဦးပါ ဒီအဖွဲ့ဟာ ၁၉၉၂ ခုနှစ်ကတည်းက စပြီးပေးအပ်တဲ့ အမေရိကန်ဒေါ်လာ သုံးသောင်း သုံးထောင်ကျော် တန်ဆုကြေးအပြင် တနှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆုကို ၂ဝ၁ဝ ပြည့်နှစ်မှာ ပထမဆုံး ရရှိခဲ့ပါတယ်။ မာကျူရီတေးဂီတဆုဟာ ဗြိတိန်မှာ နှစ်စဉ်ကျင်းပနေကျ BRIT (ဘရစ်) တေးဂီတဆုပေးပွဲ အတွက် နာမည်မကြီးပေမယ့် တနှစ်တာကြိုးပမ်းခဲ့ကြတဲ့ ဗြိတိန်နဲ့ အိုင်ယာလန် ဂီတပညာရှင်တွေ၊ စီစဉ်သူတွေကို ဂုဏ်ပြုတဲ့ဆု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up