Home
မြန်မာသတင်း
ကလေးဝတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရာ ပြန်ခုခံသဖြင့် အသေပစ်ခတ် ဖမ်းဆီး
DVB
·
September 21, 2018
ကလေးဝမြို့နယ်ထဲမှာ မူးယစ်ဆေးသတင်းအရ ဒီနေ့ မနက် ၆ နာရီလောက်က ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ အိမ်ရှင်က ဓားနဲ့ပြန်လည်ခုခံလို့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။ “သတင်းအရ ၂ အိမ်ကို ဝရမ်းနဲ့အတူ ဝင်ရှာတယ်။ အဲဒီမှာ တဖွဲ့ကရှာတဲ့ အိမ်က ခုသေတဲ့လူက သတ္တိရှိရင်တက်ခဲ့ ဓားနဲ့ ခုတ်သတ်ပစ်မယ်။ မင်းတို့သေနတ်လည်း ပစ်လို့ရတာ မဟုတ်ဘူး။ မင်းတို့မပစ်ရင် ငါပစ်မယ် ဆိုပြီး ရှာဖွေတဲ့အဖွဲ့ထဲက ရဲတပ်ကြပ်တဦးကို ဓားနဲ့ လှမ်းပေါက်ခဲ့တယ်။ အဲဒီမှာ ရဲက အသာဖမ်းခံဖို့ ဖြောင့်ဖြတာမရပဲ။ နောက်ထပ် ဓားရှည်နဲ့ ထပ်ပြန်ပေါက်တယ်။ အဲဒါနဲ့ သေနတ်နဲ့ ခြောက်လှန့်ပစ်လိုက်တာ ထိမှန်ပြီး သေဆုံးသွားတယ်” လို့ ကလေးခရိုင် ရဲအရာရှိတဦးက ဆိုပါတယ်။ သေဆုံးသူ သိန်းကျော် အိမ်ကနေ မူးယစ်ဆေးရှာဖွေမှုမှာ မီးဖိုချောင်ထဲက ဘိန်းမဲ ၁ ပိဿာနဲ့ ၃၀ ကျပ်သား တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ “သူ့ကို အသာတကြည် ဖမ်းခံဖို့ အမျိုးမျိုး ပြောတယ်။ ဒါပေမယ့် မရဘူး။ အိမ်ပေါ်ကနေ ညစ်ညမ်းတာတွေနဲ့ ဆဲတယ်။ ဘိန်းမည်းတွေကို အရည်ဖျော်ပြီးလည်း အိမ်ပေါ်ကနေ သွန်ချတယ်” လို့ တာဝန်ရှိ ရဲအရာရှိက ဆိုပါတယ်။ ဟဲဒေါင်းရွာဟာ ကလေးဝမြို့နယ် မစိန်နယ်မြေထဲမှာ ဖြစ်ပြီး သေနတ်ကျည်ဟာ သေဆုံးသူ သိန်းကျော်ရဲ့ နောက်စေ့ကို ထိမှန်သေဆုံးခဲ့တာလို့လည်း သိရပါတယ်။ သေဆုံးသူ သိန်းကျော်ရဲ့ အလောင်းကိုတော့ မစိန် တိုက်နယ်ဆေးရုံကို သယ်ဆောင်စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024