တမူးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးမှု အားနည်းနေ
DVB
·
September 21, 2018
တမူးမြို့ရှိ ဆိုင်ကယ်စီးနင်းသူတွေ အပါအဝင် ပြည်သူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပက်သက်ပြီး အသိပညာနည်းနေကြတယ်လို့ တမူးမြို့နယ် ကညနမှ စစ်ဆေးရေးမှူး ဦးစိုးရွှေက ပြောပါတယ်။
“တမူမြို့ရှိ ဆိုင်ကယ်ကယ်စီနင်းသူတွေ တမူးခရိုင်တမူးမြို့အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပက်သက်ပြီး အသိပညာနည်းနေကြတယ်။ ဆိုင်ကယ် ဦးထုပ်ဆောင်သူ မရှိသလောက် နည်းနေတယ်။ ယာဉ်စည်းကမ်းနဲ့ပတ်သက်ပြီး အသိပညာတိုးတက်စေဖို့ ကျောင်းတွေမှာလည်း ဟောပြောပွဲတွေလုပ်သွားဖို့ ရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂ဝ ရက်နေ့ မနက် ၉ နာရီ ခွဲကနေ ၁၁ နာရီခွဲအထိ တမူးမြို့ အာရှလမ်းမကြီးပေါ်ရှိ (မစက)ရုံးအရှေ့၊ နန်းမြင်ဟန်တံတားအနီးမှာ ဒေသခံပြည်သူတွေ အပါအဝင် ဆိုင်ကယ်စီးသူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြီး ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြဖို့နဲ့ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်တွေ လျှောက်ထားဖြေဆိုရယူကြဖို့ အသိပေးစည်းရုံး ဟောပြောဆောင်ရွက်ခဲ့ပါတယ်။
တမူးမြို့နယ်နေ ဦးကိုကိုချစ်က “ဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေကို ပထမ ပညာပေးအနေနဲ့ မဖမ်းဘဲ ဆိုင်ကယ် ဦးထုပ်ရောင်းပြီး နောက်တခါ မဆောင်းမှ ဒဏ်ငွေ သက်မှတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ၉ လပိုင်းကနေ ၁ဝ လပိုင်းအထိ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။