A d v e r t i s e m e n t With Us

မန်ယူက ယခုချိန်ထိ နီနေဆဲဖြစ်ဟု မန်စီးတီးကို လိုင်ယွန်တိုက်စစ်မှူး ဒီပေး လှောင်ပြောင်

မန်ချက်စတာစီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီးတဲ့နောက် လိုင်ယွန်အသင်းရဲ့ တိုက်စစ်မှူး မန်ဖစ်ဒီပေးက မန်ချက်စတာဟာ အခုထိ နီနေတုန်းပါပဲလို့ မန်စီးတီး အသင်းကို လှောင်ပြောင်ပြောဆိုလိုက်ပါတယ်။ ဒီပွဲမှာ ဖက်ကီရာ ကော်နတ်တို့ရဲ့ သွင်းဂိုးတွေနဲ့ လိုင်ယွန်အသင်းက အဝေးကွင်း နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။ လိုင်ယွန်တိုက်စစ်မှူး ဒီပေးဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသ မားဟောင်းတဦးဖြစ်ပြီး ၂ဝ၁၅ ကနေ ၂ဝ၁၇ ခုနှစ်အထိ ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ဒီပေးက သူကစားခဲ့တဲ့ သက်တမ်းတလျှောက် ပါဝင်တဲ့ပွဲစဉ်တွေမှာ မန်စီးတီး အသင်းကို လုံးဝရှုံးနိမ့်ခဲ့ဖူးခြင်း မရှိတာကြောင့် #Manchester is still red ဆိုတဲ့ စာသားနဲ့အတူ ပွဲအပြီး ညစာစားပွဲက ဓာတ်ပုံကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ တင် ခဲ့တာ ဖြစ်ပါတယ်။ “ဒါဟာ သိပ်ကောင်းတဲ့ ခံစားမှုမျိုးပါပဲ။ ဒီမှာ ကျနော်ဘယ်တုန်းကမှ မရှုံးခဲ့ဖူးပါဘူး။ ကျနော် အရမ်းပျော်ရွှင်နေပါတယ်။ အားလုံးသိတဲ့အတိုင်း ကျနော်က မန်ယူကစား သမားဟောင်းတယောက်ပါ။ ခုလိုဒီမှာလာယှဉ်ပြိုင်ပြီး (မန်စီးတီးအသင်းကို) အနိုင်ရခဲ့တာဟာ တကယ့်ကို ကောင်းပါတယ်။” ဒီပေးဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ၂ ရာသီဖြတ်သန်းခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့အတွက် လိုင်ယွန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးတော့ လိုင် ယွန်အသင်းမှာတော့ ခြေစွမ်းပြနေခဲ့သူလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up