A d v e r t i s e m e n t With Us

တန်ဇန်နီးယား ကူးတို့သင်္ဘော နစ်မြုပ်မှု ၄၂ ဦးသေ၊ သေဆုံးသူ ၂ဝဝ ကျော်အထိ မြင့်တက်နိုင်

တန်ဇန်နီးယားနိုင်ငံ ဗစ်တိုးရီးယားရေကန်အတွင်း စက်တင်ဘာ ၂ဝ ရက်နေ့က ကူးတို့သင်္ဘောတစီး နစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄၂ ဦး သေဆုံးခဲ့ပါတယ်။ စုစုပေါင်း သေဆုံးသူ ၂ဝဝ ကျော်အထိ မြင့်တက်လာနိုင်တယ်လို့လည်း ဒေသခံတာဝန်ရှိသူ တဦးကပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်သူတွေကို ရှာဖွေနေပြီး လှေနှစ်စီးနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့လည်း မဝမ်ဇာ ခရိုင်ရဲမင်းကြီးက ပြောပါတယ်။ အမ်ဗွီညန်ရဲရဲ ကူးတို့သဘောင်္ဟာ ခရီးသည် ၃ဝဝ ကျော် တင်ဆောင်ပြီး ဆိပ်ကမ်းကနေ မီတာ အနည်းငယ်အကွာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သဘောင်္လက်မှတ်ရောင်းသူဟာလည်း အရောင်းစက်နဲ့အတူ  ရေနစ်သေဆုံးသူတွေထဲ ပါသွားတဲ့အတွက် ခရီးသည်စာရင်း အတိအကျ ထုတ်ပြန်ဖို့ ခက်ခဲနေပါတယ်။ ၁၉၉၆ ခုနှစ်ကလည်း ဗစ်တိုးရီးယားရေကန်မှာ အလားတူ ကူးတို့သင်္ဘော နစ်တဲ့ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၅ဝဝ သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up