ဖာပွန်မြို့တွင် အင်အား ၄ ဒသမ ဝ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
September 21, 2018
ကရင်ပြည်နယ် ဖာပွန်မြို့ရဲ့ အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့၊ ည ၁၀ ကျော်အချိန် တိုင်းတာချက်အရ ဖာပွန်မြို့ရဲ့ (အရှေ့တောင်ဘက် ၁၂ မိုင်လောက်အကွာ) မြောက်လတ္တီတွဒ် ၁၇.၉၆ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၇.၆၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။