A d v e r t i s e m e n t With Us

သက်တမ်းအရှည်ဆုံး ဂျပန်ဝန်ကြီးချုပ်အဖြစ် ရှင်ဇိုအာဘေး စံချိန်တင်ဖွယ်ရှိ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ စက်တင်ဘာ ၂ဝ ရက်နေ့ကလုပ်တဲ့ ပါတီခေါင်းဆောင် ရွေးချယ်ပွဲမှာ အနိုင်ရပြီး ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တဦးအဖြစ် စံချိန်တင်ဖွယ် ရှိနေပါတယ်။ လက်ရှိ အာဏာရပါတီဖြစ်တဲ့ ဝန်ကြီးချုပ် အာဘေးရဲ့ Liberal Democratic Party- LDP ဟာ စက်တင်ဘာ ၂ဝ ရက်နေ့က ပါတီခေါင်းဆောင်ရွေးပွဲ ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကန့်ကွက်မဲ ၂၅၄၊ ထောက်ခံမဲ ၅၅၃ နဲ့ ပါတီခေါင်းဆောင်အဖြစ် ပြန်အနိုင်ရခဲ့ပါတယ်။ ဒီအတွက် အာဘေးဟာ ၂ဝ၁၉ နိုဝင်ဘာလအထိ ဝန်ကြီးချုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်ရမှာပါ။ အဲဒီလို သက်တမ်းပြည့် တာဝန်ထမ်းမယ်ဆိုရင် ၂ဝ ရာစု အစောပိုင်းကာလတွေက ဂျပန်နိုင်ငံကို သက်တမ်း ၃ ကြိမ်တိတိ တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း တာရိုကက်ဆူရာထက် ရက်ပေါင်း ၃ဝဝဝ နီးပါး ပိုကြာမှာ ဖြစ်ပါတယ်။ ဒီအတွက် ဝန်ကြီးချုပ် အာဘေးဟာ ဂျပန်နိုင်ငံရဲ့ သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်နိုင်မှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up