တရုတ်က ဒုံးကျည်တခုတည်းသုံးပြီး လေ့လာရေးဂြိုဟ်တု ၂ လုံး လွှတ်တင်

807
တရုတ်အစိုးရဟာ ဒုံးကျည်တခုတည်းကိုသုံးပြီး ဘေဒို-၃ လေ့လာရေးဂြိုဟ်တု ၂ လုံးကို စက်တင်ဘာ ၁၉ ရက် ညနေက အာကာသထဲ အောင်အောင်မြင်မြင် လွှတ်တင်လိုက်ပါတယ်။
တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီးချန်းဂ် ဂြိုဟ်တုလွှတ်တင်ရေး ဌာနကနေ Long March-3B ဒုံးကျည်ကိုသုံးပြီး ညဆယ်နာရီကျော်လောက်မှာ လွှတ်တင်ခဲ့တာပါ။
ဂြိုဟ်တု ၂ လုံးဟာ ပတ်လမ်းထဲမှာ ရှိနေပြီးသား တခြား ဘေဒို-၃ ဂြိုဟ်တု ၁၂ လုံးနဲ့ အတူ အလုပ်လုပ်မယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
လတ်တလော လွှတ်တင်တဲ့ ဂြိုဟ်တု ၂ လုံးဟာ ကမ္ဘာမြေက သုံးစွဲသူတွေအတွက် အန္တရာယ် သတိပေးချက်နဲ့ ရေကြောင်းလေကြောင်း ခရီးသွားမှုအတွက် ဝန်ဆောင်မှုပေးမှာပါ။
ဒီဂြိုဟ်တုတွေနဲ့ ဒုံးကျည်ကို တရုတ် အာကာသနည်းပညာ တက္ကသိုလ်နဲ့ တရုတ် အာကာသလွှတ်တင်ရေးယာဉ် နည်းပညာတက္ကသိုလ်တို့က တီထွင် ထုတ်လုပ်ထားတယ်လို့ တရုတ်အစိုးရရုပ်သံ စီစီတီဗွီက ပြောပါတယ်။
ဘေဒိုဂြိုဟ်တုစနစ်ကို တရုတ်နိုင်ငံမှာ သက္ကရာဇ် ၂၀၀၀ က စသုံးခဲ့ပြီး အာရှ-ပစိဖိတ် ဒေသအတွင်း ၂၀၁၂ မှာ စတင်သုံးစွဲခဲ့ပါတယ်။