Home
မြန်မာသတင်း
ထီ ၁ စောင် ကျပ် ၅၀၀ ကျော်ဖြင့် ရောင်း​ချနေသည့်ကိစ္စ ရှမ်းပြည်​နယ်​အစိုးရက အ​ရေးယူရန်မရှိ
DVB
·
September 20, 2018
အောင်​ဘာ​လေထီလက်​မှတ်​တ​စောင်​ကို နိုင်​ငံ​တော်​က ကျပ်၅၀၀ ​ရောင်း​ဈေး သတ်​မှတ်​​ပေးမယ့် ကျပ် ၅၀၀နဲ့အထက်​​ အမြတ်တင်ရောင်းချ​နေတာကို ရှမ်းပြည်​အစိုးရအ​နေနဲ့ စုံစမ်းစစ်​​ဆေးအ​ရေးယူဖို့ အစီအစဉ်​မရှိဘူးလို့ ရှမ်းပြည်​နယ်​ ဘဏ္ဍာ​ရေးဝန်​ကြီးကပြောပါတယ်​။ လက်​ရှိ ထီလက်​မှတ်​တ​စောင်​ကို ကျပ် ၅၀၀ ​ရောင်းဖို့ နိုင်​ငံ​တော်​က သတ်​မှတ်​​ထားပေမယ့်​ ​မြေပြင်​မှာ ကျပ်၆၀၀၊ ၇၀၀ ထိ​ရောင်း​နေကြတာရှိတဲ့အတွက်​ သက်​ဆိုင်​ရာဌာန​တွေက စုံစမ်းစစ်​​ဆေးဖို့ရှိ၊မရှိကို စက်​တင်​ဘာ၁၉ ရက်​​ ရှမ်းပြည်​နယ်​ လွတ်​​တော်မှာ  လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးညီ​လေးချမ်းက ကြယ်​ပွင့်​ပြ​မေးခွန်း ​မေးမြန်းခဲ့ပါတယ်​။ အဲဒီအ​ပေါ်ရှမ်းပြည်​နယ်​အစိုးရ ဘဏ္ဍာ​ရေးနှင်​အခွန်​ဝန်​ကြီး ဦးစိုင်းရှန်​တစ်​လုံက စုံစမ်းစစ်​​ဆေးအ​ရေးဖို့ အစီအစဉ်​မရှိဘူးလို့ ပြန်​လည်​​ဖြေကြား​ပေးခဲ့ပါတယ်​။ ထီလက်​မှတ်​​ရောင်းတဲ့သူတွေအ​နေနဲ့ စရိတ်​အမျိုးမျိုးရှိတဲ့အတွက်​ နိုင်​ငံ​တော်​က ကျပ် ၅၀၀ ​ပေးပြီး ၅၀၀ ​ရောင်းခိုင်းတာကဘယ်​လိုမှ မဖြစ်​နိုင်​ဘူးလို့ တောင်​ကြီး ပင်​ရင်းကိုယ်စားလှယ်​ထီဆိုင်​က ဦး​အောင်​ခိုင်​ဝင်းက ပြောပါတယ်။ ​မြေပြင်​မှာ ​ရောင်း​နေချနေတဲ့ ထီသည်​တွေဟာ နိုင်​ငံ​တော်​ကို ကြိုတင်​​ငွေသွင်းပြီး​ ရောင်းရတဲ့အတွက်​ တကယ်​လို့​ရောင်းမကုန်​ရင်​လည်း ပြန်​သွင်းလို့မရဘူးလို့လည်းဆိုပါတယ်​။ လက်​ကား​ရောင်းသူ​တွေဟာ ကြိုတင်​​ငွေမသွင်းနိုင်​ဘဲ ကိုယ်​စားလှယ်​တွေကနေ တဆင့် ယူရောင်းရတဲ့အတွက်​ ရပ်ကွက်​ထဲနဲ့ ရပ်​ရွာတွေအထိ လိုက်​လံ​ရောင်းရတဲ့အတွက် စရိတ်​စက ကာမိဖို့က ကျပ် ၅၀၀ နဲ့​ရောင်းချဖို့ မဖြစ်​နိုင်​​ဘူးလို့လည်း ဆိုပါတယ်​။ ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024