A d v e r t i s e m e n t With Us

ထီ ၁ စောင် ကျပ် ၅၀၀ ကျော်ဖြင့် ရောင်း​ချနေသည့်ကိစ္စ ရှမ်းပြည်​နယ်​အစိုးရက အ​ရေးယူရန်မရှိ

အောင်​ဘာ​လေထီလက်​မှတ်​တ​စောင်​ကို နိုင်​ငံ​တော်​က ကျပ်၅၀၀ ​ရောင်း​ဈေး သတ်​မှတ်​​ပေးမယ့် ကျပ် ၅၀၀နဲ့အထက်​​ အမြတ်တင်ရောင်းချ​နေတာကို ရှမ်းပြည်​အစိုးရအ​နေနဲ့ စုံစမ်းစစ်​​ဆေးအ​ရေးယူဖို့ အစီအစဉ်​မရှိဘူးလို့ ရှမ်းပြည်​နယ်​ ဘဏ္ဍာ​ရေးဝန်​ကြီးကပြောပါတယ်​။ လက်​ရှိ ထီလက်​မှတ်​တ​စောင်​ကို ကျပ် ၅၀၀ ​ရောင်းဖို့ နိုင်​ငံ​တော်​က သတ်​မှတ်​​ထားပေမယ့်​ ​မြေပြင်​မှာ ကျပ်၆၀၀၊ ၇၀၀ ထိ​ရောင်း​နေကြတာရှိတဲ့အတွက်​ သက်​ဆိုင်​ရာဌာန​တွေက စုံစမ်းစစ်​​ဆေးဖို့ရှိ၊မရှိကို စက်​တင်​ဘာ၁၉ ရက်​​ ရှမ်းပြည်​နယ်​ လွတ်​​တော်မှာ  လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးညီ​လေးချမ်းက ကြယ်​ပွင့်​ပြ​မေးခွန်း ​မေးမြန်းခဲ့ပါတယ်​။ အဲဒီအ​ပေါ်ရှမ်းပြည်​နယ်​အစိုးရ ဘဏ္ဍာ​ရေးနှင်​အခွန်​ဝန်​ကြီး ဦးစိုင်းရှန်​တစ်​လုံက စုံစမ်းစစ်​​ဆေးအ​ရေးဖို့ အစီအစဉ်​မရှိဘူးလို့ ပြန်​လည်​​ဖြေကြား​ပေးခဲ့ပါတယ်​။ ထီလက်​မှတ်​​ရောင်းတဲ့သူတွေအ​နေနဲ့ စရိတ်​အမျိုးမျိုးရှိတဲ့အတွက်​ နိုင်​ငံ​တော်​က ကျပ် ၅၀၀ ​ပေးပြီး ၅၀၀ ​ရောင်းခိုင်းတာကဘယ်​လိုမှ မဖြစ်​နိုင်​ဘူးလို့ တောင်​ကြီး ပင်​ရင်းကိုယ်စားလှယ်​ထီဆိုင်​က ဦး​အောင်​ခိုင်​ဝင်းက ပြောပါတယ်။ ​မြေပြင်​မှာ ​ရောင်း​နေချနေတဲ့ ထီသည်​တွေဟာ နိုင်​ငံ​တော်​ကို ကြိုတင်​​ငွေသွင်းပြီး​ ရောင်းရတဲ့အတွက်​ တကယ်​လို့​ရောင်းမကုန်​ရင်​လည်း ပြန်​သွင်းလို့မရဘူးလို့လည်းဆိုပါတယ်​။ လက်​ကား​ရောင်းသူ​တွေဟာ ကြိုတင်​​ငွေမသွင်းနိုင်​ဘဲ ကိုယ်​စားလှယ်​တွေကနေ တဆင့် ယူရောင်းရတဲ့အတွက်​ ရပ်ကွက်​ထဲနဲ့ ရပ်​ရွာတွေအထိ လိုက်​လံ​ရောင်းရတဲ့အတွက် စရိတ်​စက ကာမိဖို့က ကျပ် ၅၀၀ နဲ့​ရောင်းချဖို့ မဖြစ်​နိုင်​​ဘူးလို့လည်း ဆိုပါတယ်​။ ခွန်ရာဇာ

A d v e r t i s e m e n t With Us

More News
Up