A d v e r t i s e m e n t With Us

ဘော့စ်ဝါနာနိုင်ငံတွင် ဆင်အသေ ၈၇ ကောင် တွေ့ရှိ

ဓာတ်ပုံ - Reuters
အာဖရိကတောင်ပိုင်းက ကုန်းပိတ်နိုင်ငံ ဘော့စ်ဝါနာမှာ လတ်တလော ဆင်အသေ ၈၇ ကောင် တွေ့ထားတယ်လို့ နယ်ခြားမဲ့ဆင်များ ပရဟိတအဖွဲ့ (EWB) က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဘော့စ်ဝါနာ သားရိုင်းနဲ့ အမျိုးသားဥယျာဉ်များဌာန အရာရှိတွေက အဲဒီ အစီရင်ခံစာကို စက်တင်ဘာ ၁၉ ရက်မှာ ငြင်းလိုက်ပါတယ်။ ဆင်သေအလောင်းတွေကို ဒေသတွင်း ကောင်းကင်ကနေ စစ်တမ်းကောက်နေတုန်း အိုကာဗန်ဂို မြစ်ဝှမ်းနားမှာ တွေ့ခဲ့တာလို့ EWB ရဲ့ ညွှန်ကြားရေးမှူး မိုက်ခ်ချေ့စ်က ပြောပါတယ်။ ဒီအစီရင်ခံစာကို စုံစမ်းစစ်ဆေးနေပြီး ဆင်သေအလောင်း ၁၉ လောင်းပဲ တွေ့တယ်၊ တချို့က သဘာဝအတိုင်း သေနေတာလို့ သားရိုင်းနဲ့ သဘာဝဥယျာဉ်များဌာန ဒုညွှန်မှူးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ တချို့ဆင်သေတွေမှာ အစွယ်မရှိဘဲ တွေ့ခဲ့တာပါ။ သဘာဝအတိုင်း သေနေတဲ့ ဆင်တွေဆီက အစွယ်တွေကို ဖယ်ပြီး ယူထားဖို့ အစိုးရက ခွင့်ပြုထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ ကိန်းဂဏန်း အငြင်းပွားမှုရှိပေမယ့် အစိုးရက EWB ကို ဒေသတွင်း ဆင်စစ်တမ်း ဆက်ကောက်ဖို့ ခွင့်ပြုရေး ရည်ရွယ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖြော်ပပါတယ်။

A d v e r t i s e m e n t With Us

More News
Up