လိုင်ယွန်နှင့်ပွဲရှုံးနိမ့်မှု ဂွါဒီယိုလာ ပွဲပယ်ခံထားရမှုကြောင့် မဟုတ်ဟု အာတီတာ ပြော

MANCHESTER, ENGLAND - SEPTEMBER 19: Mikel Arteta, Manchester City coach looks at his watch during the Group F match of the UEFA Champions League between Manchester City and Olympique Lyonnais at Etihad Stadium on September 19, 2018 in Manchester, United Kingdom. (Photo by Victoria Haydn/Man City via Getty Images)
လိုင်ယွန်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ ဂွါဒီယိုလာ ပွဲပယ်ခံထားရတာနဲ့ မသက်ဆိုင်တဲ့ အကြောင်း လက်ထောက်နည်းပြ အာတီတာက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ လိုင်ယွန်နဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ နည်းပြချုပ် ဂွါဒီယိုလာ ပွဲပယ်ခံထားရတာကြောင့် လက်ထောက်နည်းပြ အာတီတာက ဦးဆောင်ကိုင်တွယ်ခဲ့ပါတယ်။ ရှုံးပွဲတွေ့ခဲ့တာဟာ ဂွါဒီယိုလာ ပွဲပယ်ခံထားရတာကြောင့်လို့ ပြောလို့မရဘဲ သူကိုင်တွယ်မယ်ဆိုရင်လည်း ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနိုင်သလို ၃ ဂိုးပြတ်နဲ့လည်း ရှုံးနိမ့်သွားနိုင်တယ်လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်လို ထိပ်တန်းပြိုင်ပွဲမှာ ခြေစွမ်းအမြင့်ဆုံးရှိဖို့လိုကာ ဘောလုံးဆုံးရှုံးမှုများပြီး အသင်းဟန်ချက် မတည်ငြိမ်တာကြောင့် ရှုံးပွဲတွေ့ခဲ့တာဖြစ်တယ်လို့ အာတီတာက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up