A d v e r t i s e m e n t With Us

လူ ၃၇၀ ကျော်သေဆုံးခဲ့သည့် မက္ကဆီကို ငလျင်လှုပ်ခတ်မှု ၁ နှစ်ပြည့် ကျင်းပ

Families of the Tlalpan housing project, affected by the September 2017 earthquake, raise their fist during a minute of silence to honour the victims of the quake in Mexico City, Mexico September 19, 2018. REUTERS/Daniel Becerril
မက္ကဆီကို နိုင်ငံသားတွေဟာ  ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတုန်းက လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၃၇၀ ကျော်သေဆုံးခဲ့တဲ့ အင်အားပြင်းငလျင် တနှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ၁ မိနစ်ကြာ ငြိမ်သက်ဆုတောင်းခဲ့ကြသလို ငလျင်အရေးပေါ် လေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။ မက္ကဆီကို နိုင်ငံသားတွေဟာ လက်သီးဆုပ်လက်မြှောက်ပြီး ၁ မိနစ်ကြာ ငြိမ်သက်ခဲ့ကြတာပါ။ ၁ မိနစ်ကြာငြိမ်သက်မှုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၉ ရက်နေ့တုန်းက ငလျင်လှုပ်ခတ်ခဲ့တဲ့ နေ့လယ် ၁ နာရီ ၁၄ မိနစ်အလွန်မှာ ပြုလုပ်ခဲ့တာပါ။ အဲဒီနောက် တာဝန်ရှိသူတွေဟာ မက္ကဆီကိုစီးတီးမြို့မှာ ငလျင်အချက်ပြအသံတွေ တပ်လှန့်ခဲ့ပြီး ငလျင်လှုပ်တဲ့အခါ အဆောက်အအုံတွေထဲက အရေးပေါ်တိမ်းရှောင်တဲ့ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၁ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်အပြီး ၁၂ ရက်အကြာမှာ နိုင်ငံ့အနောက်တောင် ကမ်းလွန်မှာ ပိုအင်အားပြင်းတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် နောက်ထပ်သေဆုံးသူ ၁၀၀ နီးပါး အထိ ရှိခဲ့တယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up