A d v e r t i s e m e n t With Us

အရှိုချင်းရွာများသို့ ​ဆေးဝါးနှင့်အသုံး​ဆောင်​ပစ္စည်းများ သွား​ရောက်​လှူဒါန်း

မ​ကွေးတိုင်းဒေသကြီး၊ အထက်​မင်းလှမြို့နယ်​ရှိ လမ်းပန်းဆက်​သွယ်​​ရေး ခက်​ခဲတဲ့ အရှိုချင်းတိုင်းရင်းသားရွာ​တွေကို မလွန်-မင်းလှ​ပရဟိတအဖွဲ့က ​ဆေးဝါးနဲ့ အသုံး​ဆောင်​ ပစ္စည်း​တွေ စက်​တင်​ဘာ ၁၉ ရက်​​က သွား​ရောက်​လှူဒါန်းခဲ့ပါတယ်​။ လေးပင်​ရွာမှာ အ​ခြေစိုက်​ပြီး အနီးနားပတ်​ဝန်းကျင်​​ကျေးရွာ​တွေက လူနာ ​၂ဝဝ​ ကျော်​ ​လောက်​နဲ့ ​လေးပင်​ရွာက ​​ကျောင်းသား ၆ဝ ​ကျော်​ကို ကျန်းမာ​ရေး​စောင့်ရှောက်​ ​ဆေးဝါးကုသ ​ပေးခဲ့တာပါ။ သုံးရက်​​လောက် ​ကြိုတင်​အ​ကြောင်းကြား သွား​ရောက်​တာဖြစ်ပြီး ဆေးဝါး၊ အဝတ်​စားနဲ့ ရိက္ခာခြောက်​​တွေ လှူဒါန်းခဲ့တယ်​လို့ ပရဟိတအဖွဲ့ ဦး​ဆောင်​သူ ​ဒေါက်​တာရဲထွန်း​ဇော်​က ပြောပါတယ်။ “အဓိကက​တော့ လမ်းပန်းဆက်​သွယ်​​ရေး ခက်​ခဲတဲ့အတွက်​ ကား​တွေ ဝင်​မရ​တော့ ကျန်းမာရေး​စောင့်ရှောက်​မှု အားနည်း​နေတာပါ။ အနီးစပ်​ဆုံး လက်​ပံတံခါး တိုက်​နယ်​​ဆေးရုံမှာလည်း ဆရာဝန်​မရှိဘူး။ ကျန်းမာ​ရေးဌာန​တွေကို သွားဖို့ကလည်း ​ချောင်း​ရေ ကျတာ​တွေနဲ့ သွား​ရေးလာ​ရေး​ တော်​​တော်​ခက်​ခဲတယ်​။ အစိုးရပိုင်းက လမ်းပန်းဆက်​သွယ်​​ရေး ​ကောင်းမွန်​​အောင်​လုပ်​​ပေးမယ်​ ဆိုရင်​​တော့ နီးစပ်​ရာ ကျန်းမာရေးဌာန​တွေကို အလွယ်တကူ သွားလာနိုင်ပြီး အရာရာဖွံ့ဖြိုးသွားမှာပါ” လို့ ပြောပါတယ်​။ လှူဒါန်းမှုကို ​​စက်​တင်​ဘာ ၁၈ ရက်​​ကနေစပြီး ၂ ရက်​ကြာ ပြုလုပ်​ခဲ့တာဖြစ်​ပြီး ​လေးပင်​ရွာအနီးရှိ ဆင်​ယဉ်​၊ အထက်​တဂူ၊​ အောက်​တဂူ၊​ ကျောင်းကုန်း ပနီဆို၊ ဆင်​​တောင်​ကုန်း စတဲ့ ​ကျေးရွာသားတွေ လာရောက်​​ဆေးဝါးကုသမှု ခံယူကြတယ်​လို့သိရပါတယ်​။ သတင်း-မင်းထီး

A d v e r t i s e m e n t With Us

More News
Up