A d v e r t i s e m e n t With Us

မောင်တောတွင် အသုံးလုံးသင်ကြားရေးနှင့် အ​ဝေးသင်တက္ကသိုလ်ဌာန​ခွဲများ ဖွင့်လှစ်မည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အသုံးလုံး သင်ကြားဖို့နဲ့ အ​ဝေးသင်တက္ကသိုလ်ဌာန​ခွဲတွေ ဖွင့်လှစ်နိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မောင်တောမြို့နယ်မှာ နေ့စားလပေး ပညာရေးဝန်ထမ်းတွေ ခန့်ထားနိုင်ရေး၊ အဝေးသင် တက္ကသိုလ်ခွဲ ဖွင့်လှစ်သင်ကြားနိုင်ရေးနဲ့ သက်ကြီးပညာမတတ်သူတွေ ပပျောက်ရေး အကောင် အထည်ဖော်ဆောင်နိုင်မယ့် အခြေအနေတွေကို အစိုးရ တာဝန်ရှိသူတွေ စက်တင်ဘာ ၁၇ ရက်နေ့က ကွင်းဆင်းစစ်ဆေးပြီး ပညာရေးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြတာပါ။ မောင်တောခရိုင်အတွင်း သက်​ကြီးပညာမတတ်​သူ ပ​ပျောက်​​ရေးအတွက် အသုံးလုံးလို ပြင်ပ ပညာရေးသင်ကြားနိုင်ရေး မောင်တောခရိုင်မှ ဘဂါင်္လီ အဝေးသင်ကျောင်းသားတွေ အတွက် ဘူသီးတောင်မှာ အ​ဝေးသင်တက္ကသိုလ်ဌာန​ခွဲ တခု၊ မောင်တောမှာ ဌာနခွဲတခု ဖွင့်လှစ်ပြီး လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလပတ် စာမေးပွဲတွေအတွက် အနီးကပ် သင်တန်းပို့ချနိုင်ရေးနဲ့ စာ​မေးပွဲး​ဖြေဆိုနိုင်​​ရေး မောင်တောခရိုင်အတွင်း ​နေ့စားလ​ပေး ဘဂါင်္လီ ​ ကျောင်းဆရာတွေ ခန့်​ထားနိုင်ရေး တွေ့ဆုံ​ဆွေး​နွေးခဲ့ကြပါတယ်​။ ဆွေးနွေးပွဲကို ​ကျောင်းပြင်​ပနှင့် တစ်​သက်​တာပညာ​ရေးဦးစီးဌာန ညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါက်​တာ​ဇော်​ဝင်း၊ အ​ခြေခံပညာဦးစီးဌာန ဒုတိယညွှန်​ကြား​ရေးချုပ်​ ဦးရဲလင်းမြင့်နဲ့ စစ်တွေ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဦးဝင်နိုင် တို့နဲ့အတူ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ​မောင်​​တောခရိုင်​ပညာ​ရေးမှူး ဦးခင်​​အောင်​တို့ ပါဝင်ခဲ့ကြပါတယ်။ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က “တိုင်းရင်းသား ကျောင်းဆရာ ဆရာမတွေ သွားရမှာ အန္တရာယ်များတဲ့ ဘဂါင်္လီကျေးရွာတွေမှာ နေစားလပေး ဘင်္ဂါလီကျောင်း ဆရာတွေ ခန့်ထားပေးသင့်ပြီး မောင်တောမြို့မှာ ဖွင့်လှစ်သင်ကြားမယ့် အဝေးသင် တက္ကသိုလ်ခွဲမှာလည်း မြန်မာစာမေဂျာနဲ့ သမိုင်းမေဂျာအပြင် တခြား ဘာသာရပ်တွေကိုပါ ထည့်သွင်းပေးစေလိုကြောင်းနဲ့ သက်​ကြီး ပညာမတတ်​သူများ ပ​ပျောက်​​ရေးအတွက် အသုံးလုံး လို ပြင်ပပညာရေး သင်ကြားပေးနိုင်ပါတယ်”လို့ တင်​ပြခဲ့ပါတယ်။ မောင်တောခရိုင်အတွင်း ဘင်္ဂါလီလူမျိုး ဘွဲ့ရတွေကို နေ့စားလပေး ကျောင်းဆရာ ခန့်ထားနိုင်ဖို့ ဘူးသီးတောင်မြို့နယ်မှာ လျှောက်ထားသူ ၆၀၀ ကျော်ပြီး မောင်တောမြို့နယ်မှာ ၃ဝဝ ကျာ် ရှိကာ အသက်​အကန့်​သတ်​မရှိဘူး လို့ မောင်​​တောခရိုင်​ပညာ​ရေးမှူး ဦးခင်​​အောင်​က ပြောပါတယ်​။ မောင်တောခရိုင်အတွင်း အဝေးသင်တက္ကသလိုလ် ဒုတိယအသုတ် အနီးကပ် သင်တန်းကို အောက်တိုဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး စာမေးပွဲကိုတော့ အောင်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ  ၂ ရက်နေ့အထိ ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလာမယ့် စာမေးပွဲမှာ ​ဖြေဆိုမယ့် ကျောင်းသား ၂ ယောက်သာရှိပြီး တတိယအသုတ်မှာ​တော့ ​ကျောင်းသားကျောင်းသူ ၂ဝဝ ​ကျော်​​ဖြေဆိုမယ်လို့ စစ်​​တွေ တက္ကသိုလ်​ပါ​မောက္ခချုပ်​က ​ပြောပါတယ်​။ တတိယအသုတ်​ အနီးကပ်သင်တန်းတွေ နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၁၄ ရက်နေ့ အထိ သင်​ကြားမှာဖြစ်ပြီး စာမေးပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိဖြေဆိုရမှာဖြစ်ပါတယ်။ ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေ ဘူးသီးတောင်မြို့မှာ ၁၇ဝ ဦးနဲ့ မောင်တောမြို့မှာ ၄၁ ဦးရှိတယ်လို့ သိရပါတယ်။ မောင်တောမြို့နဲ့ ဘူသီးတောင်မြို့မှာ ဖွင့်လှစ်သင်ကြားမယ့် အဝေးသင်တက္ကသိုလ်မှာ မြန်မာစာမေဂျာနဲ့ သမိုင်းမေဂျာ ၂ ခုတည်းသာ သင်ကြားဖြေဆိုရမှာဖြစ်​ပြီး ရန်​ကုန်​အဝေးသင် ​တက္ကသိုလ်​မှ ​ပေါ့​မောက္ခ ဆရာ ဆရာမတွေလည်း လာ​ရောက်​သင်​ကြားမယ်လို့ သိရပါတယ်။ ဗညား

A d v e r t i s e m e n t With Us

More News
Up