ရီးရဲလ်မက်ဒရစ်က ရိုးမားကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု ဂျီ က ရီးရဲလ်မက်ဒရစ်နဲ့ ရိုးမားတို့ မနေ့ညက ယှဉ်ပြိုင်ရာ ရီးရဲလ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အတွက်တော့ နည်းပြသစ်နဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့အတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်ဟာ တိုက်စစ်မှာ ဘေးလ်၊ အစ္စကို၊ ဘန်ဇီမာအတွဲနဲ့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာ မိုဒရစ်၊ တိုနီခရူးစ်နဲ့ ကပ်စ်မဲရိုး၊ နောက်တန်းမှာ မာဆယ်လို၊ ဗာရန်း၊ ရာမို့စ်၊ ကာဗာဟယ်နဲ့ ဂိုးသမားအဖြစ် နာဗက်စ်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ရိုးမားအသင်းကလည်း အယ်လ်ရှာရာဝီ၊ ဒီဇက်ကို၊ ဒီရော့စီ၊ အန်ဇွန်ဇီ၊ ကိုလာရော့ဗ်၊ ဖာဇီယို စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက် ယှဉ်ပြိုင်ခဲ့တာပါ။ ရီးရဲလ်အသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြတ် အသာရခဲ့ပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်းပြီးခါနီးမှာ အစ္စကို၊ ပွဲချိန် ၅၈ မိနစ်မှာ ဘေးလ်နဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှ မာရီယာနိုတို့က သွင်းယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up